Just Friends🚨

153 9 0
                                    



Zawgyi

နောက်ဆုံးတော့တောင်းတခဲ့ရတဲ့နေ့ဟာရောက်လို့လာခဲ့ပြီ။

အရှည်မထားချင်သေး၍ ပြန်ကာညှပ်ထားသည်မို့ တိုဆွဆွဆံပင်တွေက စစ်ထဲဝင်ပြီးသုံးလကြာသွားတဲ့ကေနဲ့။

ခေါင်းလျှော်ရည်ကိုနှစ်ပြန်လောက်သုံးထားပြီး အနံ့ပြင်းသွားမည်ဆိုးတာကြောင့်လည်း ရေမွှေးတော့မဆွတ်မိ။

သူအကြိုက်ဆုံးရှမ်ပူမို့ ခေါင်းလေးကိုသာပွတ်ပါလျှင် ခပ်သင်းသင်းအနံ့ကလည်းပျံ့ပေမည်မလား။

ဒီနေ့က ဆော့လေးရဲ့စစ်ထဲကထွက်သည့်နေ့။
မြင်နေကျမျက်နှာကိုမြင်ရမှာကိုနှလုံးသားကတဒုန်းဒုန်းခုန်နေသည်ထက်..
ဒီနေ့ကစလို့ သူဟာ ဆော့လေးနဲ့အတူရှိနေလို့ရမဲ့နေ့လည်းမဟုတ်ပေလား?။

တွေးရင်းနှင့်ရင် ပိုကာစိတ်လှုပ်ရှားလာသည်။

အမြန်ပဲ ခြေထောက်တို့ကိုရွေ့လျားပါရင်း အနံ့မကူးစေရန် တက္ကစီကိုလည်းစီးလာခဲ့သည်။

ရောက်တဲ့အခါ။
စစ်ဝတ်စုံနဲ့ဆော့လေးက အဆောက်အဦးအပြင်ကစောင့်လို့နေသည်။

ဆံပင်ငုတ်တိုလေးကဘာလေးနဲ့တူမှန်းမသိသလို ခြေထောက်ကလေးတွေကိုစုရပ် ခန္ဓာကိုယ်လေးတလှုပ်လှုပ်နဲ့ နှုတ်ခမ်းလေးတစူစူဖြစ်နေသည်က မင်ဆူးရဲ့စိတ်တွေကိုတဘုန်းဘုန်းထုနေသလိုပါပဲ။

သူ့ကိုတွေ့သွားတဲ့ဆော့လေးကတော့သူ့အနားကိုပြေးလာသလို သူလည်းပြုံးပြုံးကြီးနဲ့ပဲ ဆော့လေးကိုပြေးဖက်မိသည်။

အရင်ဆုံး နှဖူးလေးကိုအနမ်းပေးသည်။
ပါးဖောင်းလေးနှစ်ဖက်ကိုအုပ်ကိုင်လို့ ရဲနေပါသောနှုတ်ခမ်းလေးကိုစူးစိုက်ကာကြည့်သည်။

နှစ်ယောက်သားဘာမှမပြောမိပါပဲ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ရာက နှုတ်ခမ်းတို့ဆီကူးသွားပြီး အနမ်းခြွေတော့သည်။

မျက်ဝန်းတို့ပါမမှိတ်နိုင်ပါပဲ မြင်နေရတဲ့အစိတ်အပိုင်းလေးတွေကိုကြည့်သည်။

"ဆော့လေး"

"ဟင်"

ဆော့မှာ နမ်းလို့မဝသေးခင် အနမ်းဖြတ်လိုက်ရတာမို့သိပ်တော့မကြည်ချင်။

You've reached the end of published parts.

⏰ Last updated: Jul 18, 2023 ⏰

Add this story to your Library to get notified about new parts!

Just Friends(fanfic🔞)Where stories live. Discover now