Hate & Love >>> Hate ,
သို့//
သိပ်ချစ်ရတဲ့ မောင်....
မင် မရှိတော့တဲ့နောက် အရာရာဂရုစိုက်ပါ
မောင့်နားမှာ အကြာကြီးဆက်နေချင်သေးပေမဲ့ မင် လောကကြီးထဲနေရဖို့ လပိုင်းလောက်ပဲကျန်တော့တယ်...မောင့်ကိုလည်းအများကြီးတောင်းပန်ပါတယ်နော်
ခွင့်မလွတ်နိုင်မှန်းသိပေမဲ့လည်း တကယ်တောင်းပန်ပါတယ်
မင့်ကြောင့် မောင့်အနာဂါတ်ရည်းမှန်းချက်တွေ၊ မောင်သိပ်ချစ်ရတဲ့သူရယ် ပြီးတော့မောင့်ပျော်ရွှင်ခြင်းတွေအတွက်လည်း တကယ်အားနာရပါတယ်....
နောက်ဆို မောင်မမြင်ချင်မကြားချင်တဲ့ မင့်ကို မောင်ဘယ်တော့မှ ထပ်တွေ့ရတော့မှာမဟုတ်ပါဘူး...
ချစ်တယ်မောင်...
နောက်ဘဝရှိလို့ မောင်နဲ့ထပ်ဆုံဖြစ်ခဲ့ရင်
အခုလိုအမုန်းတွေမရှိပဲ ကမ္ဘာပေါ်မှာအချစ်တတ်ဆုံးမောင်အဖြစ် မင်ပိုင်ဆိုင်ပါရစေ...
" အဟွတ်...အဟွတ်."
ရေးလက်စ ဒိုင်ယာရီစာအုပ်လေးပေါ်သို့ပါးစပ်မှ သွေးစတစ်ချို့ စွန်းထင်းသွားရသည်။
ဂျီမင်း အခုလိုချောင်းဆိုးနေခဲ့တာ လပေါင်းများစွာကြာခဲ့ပြီ...
လက်ပေါ်က ပေကျံသွားသောသွေးစတွေကိုကြည့်ကာ မျက်ရည်တို့လည်းစီးကျလာရသည်။
Leukemia(သွေးကင်ဆာ) နောက်ဆုံးအဆင့်တဲ့...
နောက်ထပ်နေရလည်း သုံးလလောက်ပဲလို့
Dr ပြောခဲ့တုန်းက သူအရမ်းကြောက်နေခဲ့တယ် ပြီးတော့ မောင်နဲ့လည်း မခွဲချင်သေးဘူး။
တစ်နေ့တော့ လူတိုင်းသေရမယ်ဆိုပေမဲ့ သူကျမှ Leukemiaကြောင့် လောကကြီးထဲကခပ်စောစောထွက်ခွာရမည်တဲ့...
ဘယ်လိုတောင်မတရားလိုက်တဲ့ ကံတရားကြီးလဲ...
" ပတ်ဂျီမင်း..!!! "
အောက်ထပ်မှ မောင့်အသံခပ်ကျယ်ကျယ်ထွက်ပေါ်လာတာကြောင့် ပေကျံနေသောသွေးတွေအား သုတ်ပစ်ရင်း အောက်ထပ်သို့
အပြေးတစ်ပိုင်း ဆင်းလာခဲ့ရသည်။
" ပတ်ဂျီမင်း..!!"
" လာပါပြီ မောင် "
ပုံမှန်ဆို မောင်ကအိမ်ပြန်လာလေ့မရှိပေ။
Companyနားက မောင့်တိုက်ခန်းတွင်သာနေတာများသည်။
အခုလို အရက်မူးလာသည့်ရက်တွင်တော့အိမ်ပြန်လာတတ်သည်။
