"အင်းအင်း..သွားမယ်"

ဖီးလ်နေတဲ့ခံစားချက်တွေက တဝက်တပျက်။ မထချင်, ထချင်နဲ့ ထယ်ယောင်း ကောင်တာမှထွက်လာပြီး ဂျီဝန်း
နှင့်အတူ.အကူကောင်မလေးတစ်ယောက်ကိုခေါ်ကာ စျေးသို့အမြန်သွားလိုက်ရတော့သည်။

ထိုသို့ရောက်သည့်အခါ ထယ်ယောင်း အရင်လိုစျေးထဲ
သွားချင်စိတ်မရှိတာကြောင့် ကားပေါ်မှာသာစောင့်ကျန်နေခဲ့လိုက်၏။

ပြီးနောက် ကားပြတင်းမှန်ကို တဝက်လောက်ဖွင့်ချထားပြီး အပြင်ဘက်ကိုငေးကြည့်နေဆဲ...

ခပ်ချောချော ကောင်မလေးတစ်ယောက်ရဲ့ပခုံးကို
ဖက်ထားပြီး အပြုံးတွေဝေဆာနေသောကြူးစိန်ကို
တွေ့လိုက်ရသဖြင့် အံ့ကြိတ်ထားမိသော ထယ်ယောင်းမေးရိုးတွေက တင်းခနဲ။

တချိန်တည်းမှာပင် မခံမရပ်နိုင်ဖြစ်ရပြီး စိတ်မကောင်းလည်းဖြစ်သွားရတော့သည်။ ကြူးစိန်က သူ့ကိုပဲချစ်ပါတယ်ဆိုပြီး ခုတော့ ကောင်မလေးပခုံးကို ဖက်ထားလို့ ကြည်နူးနေပုံက ချစ်သူရည်းစားတွေလို။

ကင်မ်ထယ်ယောင်း လှည့်စားခံလိုက်ရတာလား?
ဒါမှမဟုတ် ဟိုအရင်နေ့က ပြောခဲ့တဲ့စကားကြောင့်များလား?? မိမိဘက်က ပြန်မချစ်နိုင်လို့ ကြူးစိန်က
နောက်တစ်ယောက်ရှာပစ်လိုက်သည်လား???

ထယ်ယောင်းအတွေးထဲ သိချင်စိတ်တွေ မေးခွန်းတွေ
ပြည့်နှက်သွားရ၏။ မဆိုင်ရသေးပေမဲ့ ဆုံးရှုံးရမှာကြောက်တဲ့ခံစားချက်ကို သူခံစားနေမိပါပြီ။

ထိုကောင်လေးကို မချစ်ဖူးလို့ မိမိကိုယ်ကို ငြင်းဆိုခဲ့သမျှ.ခုလိုတခြားတယောက်နဲ့တွဲမြင်လိုက်ရတော့ အမည်မဖော်ချင်တဲ့ ဘယ်ဘက်ရင်အုံက တင်းကျပ်ကျပ်။

စိတ်တိုဒေါသလည်းဖြစ်ရကာ ကြူးစိန်ကို လက်လွှတ်
မခံချင်တော့တဲ့စိတ်က တဖြည်းဖြည်း အနိုင်ယူကြီးစိုး,
စပြုလာခဲ့ပေပြီ။

ထယ်ယောင်း ဒီကောင်လေးကို ဘယ်ချိန်ကစပြီး ချစ်မိသွားမှန်းလည်း မသိတော့။ ကင်မ်ဂျီဝန်း၏စကားများကြောင့်လား သူမပြောတတ်ပါ။ သေချာတာကတော့ အခု သူ ကြူးစိန်အပေါ် သံယောစဥ်တွယ်ပြီး ချစ်နေခဲ့တာအမှန်။

TEST MY TASTE !Where stories live. Discover now