သူတို့စတွေ့တုန်းကလည်း ပန်းရောင်နှင်းဆီပန်းတွေရဲ့အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်၊ပြီးတော့ သူတို့ရဲ့စိတ်ထဲမှာလည်း သူတို့ရဲ့စိတ်ဝိညာဉ်တွေဟာ ကံစပ်နေခဲ့သည်၊
နှင်းဆီပန်းတွေက သူတို့ကို ကိုယ်စားမပြုနိုင်ပေမယ့် ပန်းရောင်နှင်းဆီပန်းတွေကတော့ သူတို့အချစ်ကိုကိုယ်စားပြုပေးနိုင်သည်၊
"ကိုယ် မင်းကိုချစ်တယ်..." ဂျော့ဖရေးက ဒန်နာရီရဲ့နားအနားကပ်ပြောလိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည်၊ဂျော့ဖရေးရဲ့ရွှေအိုရောင်မျက်ဝန်းများဟာ နူးညံ့နေပြီး ​ချစ်ရိပ်များပြည့်သိပ်နေတော့သည်၊
ဒန်နာရီကလည်း ပြုံးလိုက်ပြီး ဂျော့ဖရေးရဲ့လက်မောင်းကိုဖက်ကာအောက်နိမ့်ဆွဲလိုက်ပြီး ဂျော့ဖရေးရဲ့ပါးကို နမ်းလိုက်သည်၊
"သွားရအောင်" ဒန်နာရီရဲ့နားထိပ်လေးတွေကရဲနေပြီး အနည်းငယ်ရှက်နေပုံရတာကြောင့် ဂျော့ဖရေးမှာ စချင်စိတ်ကို မျိုသိပ်လိုက်ပြီး ဒန်နာရီရဲ့အိပ်ဆောင်ကိုလိုက်ပို့ပေးတော့သည်၊
"ကိုကို့ရဲ့အပေါ်ကုတ်ပေးခဲ့အုံး" ဂျော့ဖရေးက ဒန်နာရီစကားကြောင့် သူ့ရဲ့အပေါ်ကုတ်ကို ချွတ်ပေးလိုက်ပြီး ပေးလိုက်သည်၊ထို့နောက်မှာ ပါးလေးကိုပွတ်သပ်ပေးလိုက်ပြီး "good night ကိုယ်ရဲ့ဒန်" လို့​ပြောကာထွက်သွားတော့သည်၊ဒန်နာရီလည်း ဂျော့ဖရေးထွက်သွားတဲ့အထိကြည့်နေပြီးနောက်မှာ အခန်းထဲဝင်သွားပြီး လန်းဆန်းသွားအောင် ရေအရင်ချိုးလိုက်သည်၊
ထို့နောက်မှာတော့ ဂျော့ဖရေးရဲ့ကုတ်အင်္ကျီပေါ်က အစီအရင်ကို တစ်ချက်ကြည့်လိုက်သည်၊ထို့နောက်မှာတော့ သူဟာ မှော်အစီအရင်ကို ပြန်လည်ပြုပြင်ရင် မှော်မှင်တံကို ထုတ်လိုက်သည်၊
"အလင်းကာကွယ်ရေးမှော်အင်းကွက်ပေမယ့် ကိုကို့ကိုတောင် အခြားရန်တွေကပါ ကာကွယ်နိုင်အောင် လုပ်ပေးရမှာပဲ"
ဒန်နာရီဟာ မှော်အစီအရင်ပေါ်က 'အလင်း'ဆိုတဲ့စကားစုကို ဖျက်လိုက်ပြီး 'မည်သည့်မှော်မဆို'ဆိုတဲ့စကားစုကိုထည့်သွင်းလိုက်သည်၊ထိုနောက်မှာတော့ သူဟာ မူရင်းမှော်အင်းကွက်တည်ဆောက်ထားသလို ထပ်မံတည်ဆောက်လိုက်တော့သည်၊