"ချဲလ်က ချောပေမယ့် ဂျော့ဖရေးရဲ့ကောင်လေးကလည်း အလှလေးပါနော်၊ နင်တို့မသိလို့ အဲ့ကောင်လေးရဲ့မျက်လုံးတွေက တော်တော်လှတယ်...ပြီးတော့ သူ့ရဲ့ဆံပင်အရောင်တွေက ထူးခြားတယ် အနက်ရောင်လေ... "
"ဟုတ်သားပဲ အနက်ရောင်ဆံနွယ်တွေပဲ အဲ့တာ ဟိုတစ်ယောက်နဲ့မတူနေဘူးလား...ကျောင်းတော်မှာ နောက်ထပ်အနက်ရောင်ဆံနွယ်ပိုင်ရှင်ပေါ်လာပြီပဲ"
အကုန်လုံးက ဒန်နာရီအကြောင်းကိုစိတ်ဝင်စားဖွယ်ပြောနေကြတော့သည်၊သူတို့တွေ ပြောနေတဲ့ကာယကံရှင်ကတော့ အဆင့်သတ်မှတ်ထဲဝင်ရန်အတွက် စာရင်းသွင်းနေတော့သည်၊
"ပထမနှစ်ရဲ့ပထမတန်းပဲရှိသေးတယ်" အကြီးအမှူးက ဒန်နာရီအချက်အလက်တွေဖတ်ရင်း မျက်မှောင်ကြုတ်သွားတော့သည်၊
"အသက်ဆယ့်လေးနှစ်ပဲရှိသေးတယ်...မင်းရဲ့မှော်စွမ်းအားနဲ့ပတ်သတ်ပြီး မဆိုးပါဘူး တကယ်တိုက်ခိုက်ချင်တာ သေချာလား" အကြီးအမှူးရဲ့မေးခွန်းကြောင့် ဒန်နာရီကခေါင်းညိတ်လိုက်သည်၊
"တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော့်ဘာသာ တာဝန်အပြည့်အဝယူပေးပါမယ် အကြီးအမှူး"
"ကောင်းပြီ ရော့...လက်ရှိမင်းအဆင့်ကသုညပဲရှိနေအုံးမယ် တစ်ပတ်အတွင်းမှာ လူငါးယောက်ကိုစိန်ခေါ်ရမယ် သုံးပွဲရှူံးရင် ခြောက်လနားရမယ် ကြားလား"
"ဟုတ် နားလည်ပါပြီ အကြီးအမှူး"
ဒန်နာရီက သူ့လက်ထဲက ကြေးရောင်တံဆိပ်ကိုကြည့်ရင်း ဂျော့ဖရေးကိုမော့ကြည့်လိုက်သည်၊
"ဒီနေ့က နည်းနည်းနောက်ကျနေပြီထင်တယ်...ကျွန်တော်မနက်ဖြန်မှ ပြန်လာရင်ကောင်းမယ်ထင်တယ်" နေဝင်ခါနီးပြီးဖြစ်တာကြောင့် ဒန်နာရီကပြောလိုက်သည်၊ဂျော့ဖရေးရဲ့အင်္ကျီကိုလည်း ပြန်လည်ရေးဆွဲပေးရအုံးမှာပဲလေ၊
"မင်းရဲ့အဆောင်ကို ကိုကိုလိုက်ပို့ပေးမယ်"
"ဟုတ် ကိုကို"
ဒန်နာရီနဲ့ဂျော့ဖရေးက ကျောင်းတော်ရဲ့ပန်းခင်းထားတဲ့ဥယျာဉ်လမ်းကနေစောင့်ရင်း ဂျော့ဖရေးက နှင်းဆီပန်းခင်းမှာ ရပ်တန့်သွားတော့သည်၊ဒန်နာရီလည်း ဂျော့ဖရေးနဲ့ရပ်လိုက်ပြီး လှပတဲ့ပန်းခင်းကြီးကို ငေးမောကြည့်နေတော့သည်၊
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...
Chapter -92
Start from the beginning