"မင်းက မှော်ဆရာလုပ်မဲ့အစား ဖျော်ဖြေသူလုပ်သင့်တယ် ဒါဆို အတော်ကိုအောင်မြင်မှာသေချာတယ်" အီရှဟာ အန်ဒီးယားကိုကြည့်ရင်း ထပ်မံပြောဆိုလိုက်သည်၊အန်ဒီးယားကလည်း အီရှကိုကြည့်လိုက်သည်၊အီရှဟာ အန်ဒီးယားထက်ပင် အရပ်နိမ့်ပေမယ့် ချစ်စရာကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားသည်၊ဒါပေမယ့် ဂျစ်ကန်ကန်အပြုံးလေးရှိပြီး ပါးစပ်ဟလိုက်တာနဲ့ အဆိပ်ပြင်းပြင်း​မြွေတစ်ကောင်ထွက်လာသလို တစ်ဖက်သားကို တိုက်ရိုက်ပြောဆိုတတ်သည်၊
"မင်းက ငါတို့အ​ကြောင်းသိရဲ့လား..." အန်ဒီးယားဟာ အီရှကို အံ့ကြိတ်ကာမေးလိုက်သည်၊အီရှဟာ ပခုံးတွန့်လိုက်ပြီးပြောလိုက်သည်၊
"မင်းအကြောင်း ငါက ဘာလို့သိရမှာလဲ"
"ငါက ဇီရာလ်အင်ပါယာရဲ့နောက်တက်မဲ့အင်ပါယာမင်းနဲ့စေ့စပ်ထားသူပဲ တစ်ချိန်ကျရင် ငါက ဧကရီဖြစ်လာလိမ့်မယ်" အန်ဒီးယားဟာ ဂုဏ်ယူစွာပြောလိုက်သည်၊ဒါကြောင့် ဒန်နာရီလို လူမျိုးက သူပြောသမျှလက်ခံသင့်ပြီး မင်းသားဂျော့ဖရေးကလည်း သူ့ကိုသာခစားသင့်သည်၊အခုတော့ သူ့လို အနာဂတ်မှာအောင်မြင်မဲ့သူတစ်ယောက်ကို ဖိနှိပ်ရန်ကြိုးစားနေတော့သည်၊ကျောင်းတော်ကတောင် သူ့ကို အလေးထားသင့်သည်၊
အန်ဒီးယားစကားကြောင့် ရှီရယ်က ထရယ်တော့သည်၊သူဟာ အန်ဒီးယားကို သနားစရာသတ္တဝါလိုကြည့်လိုက်ပြီး ဝင်ပြောလိုက်သည်၊
"ဇီရာလ်အင်ပါယာဆိုတာ အင်ပါယာကြီးဆယ်အင်ပါယာထဲမှာတောင် မပါဝင်တဲ့အင်ပါယာလေးမလား...မင်းက ဘဝင်လေဟပ်လိုက်လွန်းတယ်..."
ရှီရယ်စကားကြောင့် အန်ဒီးယားက နားမလည်သလိုဖြစ်သွားတော့သည်၊အန်ဒီးယားဟာ သူ့အမေရဲ့အုပ်ထိန်းမှုအောက်မှာ မှော်အင်းကွက်ရေးဆွဲမှုနဲ့အင်ပါယာအတွင်းရှိကျော်ကြားသူတွေအကြောင်းတောင် လေ့လာထားတာကြောင့် ကျန်တဲ့အခြေခံဗဟုသုတတော့ မရှိပေ၊ဒါပြင် အိမ်ရှေ့စံမင်းသားရဲ့အရေးပေးမှုတွေကြောင့်ရော၊ဧကရီရဲ့အလေးထားမှုတွေကြောင့် လူတိုင်းဟာ အန်ဒီးယားကို မင်းသားတစ်ပါးလို ဆက်ဆံကြတာကြောင့် အခုလိုဝိုင်းလှောင်ခံရတဲ့အခြေအနေကို ကြုံတွေ့ချိန်မှာ အန်ဒီးယားဟာ လက်မခံနိုင်ဖြစ်သွားတော့သည်၊