"Reply" Part (1)

46 5 1
                                        

"တောင်!"

ရေးလက်စစာမူများနှင့် အလုပ်ရှုပ်နေသည့်အချိန်တွင်မှ မက်ဆင်ဂျာက ‌message တစ်စောင်ဝင်လာသည်။

"Hi .. မမ"

Facebook ကိုသာ သုံးတတ်သော်လည်း Messenger ကိုဝင်ကိုမဝင်ဖြစ်သော လွန်းအတွက် စာဝင်တာက တကယ့်ကိုထူးဆန်းလွန်းသည်။

"Loon Akharar" ဆိုပြီး Page လေးတော့ စာဖတ်သူတွေ အလိုကျ ဖွင့်ထားခဲ့လေသည်။ စာအုပ်အကြောင်းဘာညာတော့ တစ်ခါတစ်လေတင်တတ်ပေမဲ့ Page Cb မှာတော့ အမြဲမရှိနေတတ်။ တစ်လတစ်ခါလောက်တော့ စာဖတ်သူတွေ‌ပို့တဲ့စာတွေကိုသေချာလေးဖတ်ဖြစ်ခဲ့သည်။

အခုက Loon ဆိုပြီးသာ Fake Acc အဖြစ်ဖွင့်ထားသောကြောင့် စာဝင်လာတာထူးဆန်းနေခြင်းဖြစ်လေသည်။
စာဝင်လာလျှင်တောင်မှ အလုပ်မပြီးသေးလျှင် ကိုယ်ရေးကိုယ်တာကို အရေးမပေးတတ်သော လွန်း က လုပ်လက်စ အလုပ်တွေပဲ ဆက်လုပ်နေလိုက်သည်။

အလုပ်တွေထဲ အာရုံရောက်နေသဖြင့် ထိုကိစ္စကိုမေ့ပျောက်သွားကာ အချိန်လည်းမနည်းတော့သဖြင့် အကြောတစ်ချက်ဆန့်ကာ သောက်လက်စကော်ဖီခွက်ကိုယူပြီး စာကြည့်စားပွဲမှ ထလာလေသည်။

မအိပ်ခင် ဝရံတာမှာ ညရှုခင်းလေးကိုကြည့်ပြီး ကော်ဖီသောက်ရတာကို လွန်း အကြိုက်ဆုံးဖြစ်လေသည်။

‌ထို့နောက် ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်ဖို့ပြင်သည်။

မအိပ်ခင် New feed တစ်ချက်နှစ်ချက်ပွတ်မလို့ ဖုန်းကိုဖွင့်လိုက်သည်။

Fb ထဲဝင်ပြီး active now ဖြစ်တာနဲ့။

"တောင်~"

"မမ မအိပ်သေးဘူးလား ? "

ခုနက ကလေးမပဲ။ ကိုယ် ဘယ်ချိန် active ဖြစ်မလည်း ထိုင်စောင့်နေလဲမသိပေ။

လွန်းလည်းမကောင်းတာနဲ့ စာပြန်လိုက်သည်။

"အင်း.. ကိုယ်ခဏနေ အိပ်တော့မလို့ဘဲ"

"ဒါဆိုလေ မအိပ်ခင် ဘာလုပ်တတ်လဲဟင်"

"ဟော ကိုယ်ဘာလုပ်လဲဆိုတာသိပြီး ကလေးမက ဘာလုပ်မလို့တုန်း?"

"ဟုတ်ပါဘူး ဒီတိုင်းပဲ သိချင်လို့ပါ ဟီးး"

Introvert ဖြစ်သော လွန်း ဟာ သိတဲ့သူတွေနဲ့တောင် အရမ်းစကားနည်းသောသူဖြစ်သည်။ မသိတဲ့သူနဲ့သာဆို ပါးစပ်ကို မဖွင့်တာဖြစ်လေသည်။

Reply💭Where stories live. Discover now