ရမ္မက် ​နွေး​နွေး

22.6K 42 3
                                    

မူရင်းအမည် - တစ်ချက်ထဲနဲ့ တသက်စွဲပြီ ရှင့်
ရေးသားသူ – အာသာပြေ(မန်း)

​နွေးသီတာနှင့် ​ကျော်​ဌေးတို့ နှစ်ဖက် ​ဆွေမျိုး မိဘများကို အသိ​ပေး၍ တွဲလာသည်မှာ ၂ နှစ်ခန့် ရှိလာပြီဖြစ်သည်။ ၂ ​ယောက်လုံး အသက် ၂၀ အရွယ် ငယ်ငယ်​ချောချောလေး​တွေ ဖြစ်၍ တွဲကြသည်ကို ​​နေနဲ့လ ​ရွှေနဲ့ မြ တင်စားကြ​သည်။ နယ်မြို့လေးဖြစ်၍ လူတိုင်းက သတိပြုမိကြသည်။ သို့​သော် ယခု ၁ နှစ်အတွင်း အရင်ကလို အဆင်မ​ပြေ​တော့​ပေ။ စကားများ ရန်ဖြစ်ရုံပင်မကတော့။ တခါတရံ မိဘ​တွေကိုပါ ထိခိုက်သည် အထိ ဖြစ်လာ​လေသည်။ တမြို့တည်းဖြစ်ပြီး စိတ်ချင်းဝေးလာ​တော့ ​သွေး​လည်းအေးလာကြ​လေသည်။ တွဲလာသည့် တစ်နှစ်လောက်ပဲ ​ပျော်​ပျော်ရွှင်ရွှင်ဖြင့် နေခဲ့ရသည်။ တစ်နှစ်ကျော်တော့ ကျော်ဌေးက အချိုး​တွေ ​ပြောင်းလာသည်။ ကျော်ဌေးအကြောင်းတွေကို ​နွေးသီတာ မကြားချင်လည်း ကြားရသည်။ မသိချင်ပဲ သိရသည်။ ကျော်ဌေး အပျော်အပါးလိုက်စားသည်တဲ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ​နွေးသီတာက ဖြောင်းဖျပြောဆိုတော့ သူက နားမ​ထောင်။ လုပ်သည့်အလုပ်က သူတို့အိမ်က လိုင်းကား​နောက် အ​တွေ့အကြုံရရန် လိုက်သည်။ တခါတရံ ကိုယ်တိုင် ဝင်​မောင်းသည်။ အလုပ်များပြီး ဝင်ငွေကောင်း​သောအချိန် ခရီး​ဝေးပါ ထွက်ဖြစ်လာတော့ ကျော်ဌေး ပျက်တော့သည်။ ချစ်သူ ​နွေးသီတာကိုလည်း ကြင်ကြင်နာနာ မရှိသည့်အပြင် ဘာမဟုတ်သည့် ကိစ္စလေးနှင့် ရိုးမယ်ဖွဲ့ အပြစ်ရှာတတ်လာသည်။ ကြာ​တော့ ​နွေးသီတာ ကျော်ဌေးကို စိတ်နာလာသည်။ သူမအနေဖြင့် သစ္စာရှိရှိ ​နေထိုင်​ပေးပေမယ့် ကျော်ဌေးက ပစ်ပယ်လာတော့ သီတာမှာ မခံနိုင်တော့သည့်အဆုံး မြို့ကြီး​ပေါ်သို့ စိတ်​ပြေလက်​ပျောက် ​ခေတ္တခဏ ​ပြောင်းလာခဲ့လိုက်​တော့သည်။

​ကျော်​ဌေးနှင့် အဆင်မ​ပြေ​သော်လည်း သူ့အမျိုးများနှင့် ရင်းနီးသဖြင့် ​နွေးသီတာမှာ ​ကျော်​ဌေး၏ အစ်မဖြစ်သူ မြို့ပေါ်တွင် ​နေထိုင်သည့် ​ညိုညို​ဌေး၏ အိမ်သို့ ဆင်းလာခဲ့လေသည်။

ညိုညိုမှာ ​ကျော်​ဌေးထက် ၈ နှစ်ခန့် ပိုကြီးပြီး မြို့​ပေါ်တွင် လင်မယားနှစ်ယောက်ထဲရှိ​နေသည်။ နှစ်ယောက်စလုံးက အလုပ်နှင့်ဆိုတော့ ​နွေးသီတာ ခိုကိုး၍ ရသည်။ ပြီးတော့ ညိုညိုက ​နွေးသီတာကို စာကူရှင်းပြ​ပေး​လေ့ရှိသည်။ ထို့ပြင် ညိုညိုက သူ့မောင် ကျော်ဌေး အကြောင်းကို ခရေစေ့တွင်းကျသိသည်။ ပြီးတော့ မိမိ၏ ညီမ​လေးလိုဖြစ်​နေသည့် ​နွေးသီတာ့ဘက်မှ အမြဲနာတတ်သူ ဖြစ်သည်။ အရင်ကတည်းက ကျော်ဌေး နှင့် ရန်ဖြစ်လျှင် နွေးသီတာအား သူမ၏ အိမ်တွင်လာနေရန် ညိုညိုက အမြဲခေါ်တတ်သည်။ အခုတော့ ​နွေးသီတာမှာ ညိုညို့အိမ်သို့ တကယ်ရောက်လာရပြီ ဖြစ်သည်။

အ​မှောင်​လောကများWaar verhalen tot leven komen. Ontdek het nu