အပိုင်း (6.1)

En başından başla
                                    

'' မြေခွေးလေး တကယ်လို့ ငါ့မှာသာ ကလေး တစ်ယောက် ကို လွယ်ထား ရတာ သာ အမှန်ဆိုရင် အဲ့ကလေး ကို ငါ ဒီလောက ထဲ ရောက်အောင် ခေါ်လာ ပေးမှာ ''

နန်ဟွေး က ခိုင်မာ တည်ကြည်စွာ နဲ့ အလေးအနက် ထားပြီးတော့ ပြောလိုက် လေတယ်။

ဝမ်ဟန် ကတော့ ဘာမှ ပြောမလာ ပေမယ့် နန်ဟွေး ရဲ့ နောက်ကျော လေးကို လက်ဖဝါးလေး နဲ့ အသာလေး ပုတ်ပေး လာခဲ့ လေတယ်။

သားပေါက်လေး ရှိမရှိ ဆိုတဲ့ ကိစ္စ က နှောင့်နှေးစေ လို့ မရ ပေမယ့် နန်ဟွေး အတွက်တော့ နားရွက်တွေနဲ့ အမြှီး တွေက ပြန်မထည့်နိုင် တာဟာ ပိုပြီးတော့ နှောင့်နှေး စေလို့ မရတဲ့ အရာပဲ ဖြစ်လေတယ်။

ဘယ်လို ပဲ ဖြစ်ပါစေ ဝမ်ဟန် ရဲ့ အလုပ် က အလှည့်ကျ စနစ် ဖြစ်တဲ့ အတွက်ကြောင့် တစ်နေကုန် မအားတာ မျိုး မဟုတ်သလို အားနေတာ မျိုးလည်း မဟုတ်ပေ။ ဆိုတော့ နန်ဟွေး က ဝမ်ဟန် အားမယ့် အချိန်ကို စောင့်ပြီးတော့ အိမ်မှာ ပဲ နေရ လေတယ်။

နန်ဟွေး က မပျင်းရိတဲ့ အပြင် သူ အားလပ်တဲ့ အချိန်​လေး မှာ လူသားလောက မှာ နေဖို့ ရာ အတွက် လိုအပ်တဲ့ အထောက်အပံ့ ဆိုင်ရာ အသိပညာ တွေကို စတင် လေ့လာ ခဲ့ လေတယ်။

ကံကောင်းစွာနဲ့ ပဲ မြေခွေးလေး ရဲ့ စုဆောင်း ထား မှုတွေကို သူရခဲ့ လို့ပေါ့။ မဟုတ်လို့ ကတော့ သူ့ တစ်ယောက် ထဲ အနေနဲ့ လူသား လောက မှာနေဖို့ အတွက် အခြေခံ ကျတဲ့ လိုအပ်ချက် တွေကို ဘယ်အချိန်ကျမှ အကုန်လုံး ပြည့်ဝ စွာ သိနိုင်မယ်မှန်း မသိပါပေ။

အကောင်ငယ်လေး တွေက လူသား ပုံစံ ကို ပြောင်းပြီးတာ နဲ့ လူသား တွေရဲ့ ဘာသာ စကား ကို အလိုလို သိနား လည် ကြ လေတယ်။ ဒါကြောင့် ရေးတာ ၊ ဖက်တာ ၊ ပြောတာ နဲ့ နားထောင်တာ တို့မှာ ဘာပြဿနာ အခက်အခဲ မှ မရှိပါပေ။ ဒါက အလုပ်ကြိုးစား ခဲ့တဲ့ သူတို့ အတွက် ကောင်းကင် ကနေ ပေးတဲ့ လက်ဆောင် ကောင်း တစ်ခု ဖြစ်လေတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ ထို ကျွမ်းကျင်မှု ရတာ က ကိစ္စ တစ်ရပ် ဖြစ် ပြီးတော့ နောက်တစ်ခု ထပ်တိုးအောင် အလျင်အမြန် ဆောင်ရွက်ဖို့ ကတော့ ကို့ယ်ဘာသာ ကိုယ်ပဲ လုပ်ဆောင် ရမှာ ဖြစ်လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Hikayelerin yaşadığı yer. Şimdi keşfedin