5

119 16 8
                                    

Giapa နဲ့ Alanက လူအများစည်းကားနေသော လမ်းမကြီးပေါ်မှာ ၂ယောက်သား ဘေးချင်းကပ် ယှဉ်ပြီး လမ်းလျှောက်နေကြတယ်။ Giapa ကို သူမြင်လိုက်ရတော့ အရမ်းကို အံ့ဩသွားတာ။ အရမ်းလဲသိချင်တယ် ဘာလို့ရောက်နေတာလည်းဆိုတဲ့အကြောင်းကို။

"Giapa ဒီကို ဘာကိစ္စ ရှိလို့ ရောက်လာတာလဲ? အရေးကြီး ကိစ္စလား?"

"အမေက အမြဲ ကျွန်တော့်ကို ဘဏ်လိုက်ခဲ့ဖို့ခေါ်တယ် ကျွန်တော်က ဘဏ်ထဲ မလိုက်ဖြစ်ပေမယ့် သူ့ကို အပြင်နားမှာ စောင့်နေတတ်တာ အမေပြန်ထွက်လာရင် ကျွန်တော်က အမေနဲ့အတူတူ စားဖို့ ဆိုင်ကိုရှာလေ့ရှိတယ်လေ"

"ဒါကြောင့် ကိုယ်တို့၂ယောက်ရဲ့ တွေ့ဆုံမှုက Mrs.Hong ရဲ့ ဈာပနမှာ ဖြစ်နေတာ မဟုတ်ရင် ကိုယ်တို့ စောစီးတွေ့ခဲ့ရမှာ"

Giapa ကခေါင်းငြိမ့်ပြတယ်။

"အမေ ခင်ဗျားရဲ့ ရုံးခန်းထဲ ဝင်သွားရင် ကျွန်တော်က အမြဲ ခုနကကျွန်တော် ထိုင်ခဲ့တဲ့ ခုံတန်းပေါ်မှာ ထိုင်စောင့်နေကြ"

Giapa က သူ့အမေကိုလွမ်းသွားပုံရတယ်။ သူ့အမေ ဈာပနမှာ မိန့်ခွန်းပြောပြီး ‌ငိုခဲ့တဲ့ ပုံရိပ်ကိုတောင် ပြန်အမှတ်ရမိတယ်။

"ဒါပေမယ့် ကျွန်တော်တို့က ဟိုတုန်းက တစ်ယောက်ကို တစ်ယောက် ဂရုသိပ်မစိုက်ခဲ့ကြဘူး"

Giapa က ရယ်ရယ်မောမောနဲ့ ဆက်ပြောပြလာတယ်။

"တစ်ခုခုပြောချင်တာရှိတာလား"

Giapa က သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ ချိုမြိန်တဲ့မျက်နှာလေးနဲ့ သူ့ကို ပြုံးပြလာတယ်။

"အရေးကြီးတာ တစ်ခုမှမရှိဘဲ ကျွန်‌တော် ခင်ဗျား ကို လာတွေ့လို့မရဘူးလား? ဟမ်?"

Giapa က မျက်လုံးကို ကျဉ်းလိုက်ပြီး  စိတ်ဆိုးဟန်နဲ့ ပြောလာတော့ Alan ခေါင်းခါပြီး ရယ်လိုက်တယ်။

ဖြစ်နိုင်ရင် Giapa က Alan ဆိုသူကို အချိန်တိုင်း တွေ့ချင်မိတာ။ ခုလိုမျိုးထုတ်မေးရတာ နည်းနည်းတော့ မဝံ့မရဲဖြစ်ပေမယ့် တကယ်လည်း သူ လွမ်းရင်လွမ်းသလို ထိုလူ့ကိုလာတွေ့ချင်တယ်။

"နောက်ပြီး ခင်ဗျားမေးသလိုပဲ ကျွန်တော် ခင်ဗျားကို ပြောစရာရှိတယ်"

Moonlight Chicken Alan&Giapa Side StoryWhere stories live. Discover now