~~ဦးငယ်လို့ပဲခေါ်ပါရစေ~~

Start from the beginning
                                    

"ဟလို အာကာ"

"အေးပြော ရဲရင့်"

"ငါပြောထားတဲ့ကိစ္စလေး ဘယ်အခြေအနေရှိပြီလဲ"

"awwဟိုခလေးမကိစ္စလား ငါ့အထင်တော့မင်းငါ့အကူအညီမလိုဘူးထင်တယ် မနက်ကတောင်မင်းသူနဲ့စကားပြောနေတာငါတွေ့လိုက်ပါတယ်ကွာ"

"မဟုတ်ပါဘူးကွာ ငါသူကိုရည်းစားစကားပြောမလို့သွားတာ
အနားရောက်ခါနီးမှခလုတ်တိုက်ပြီးသူ့ကို့ဝင်တိုက်မိလို့ ငါ့မှာရှက်ရှက်နဲ့ပြန်တောင်းပန်ပြီးပြေးလာခဲ့ရတယ် ငါ့ကောင်ရေ"

"မင်းကတော့လေ ဖြစ်လိုက်ရင်အရာ ရာနဲ့အကြောင်းကြောင်းပဲ ငါကတော့မကူညီနိုင်လောက်ဘူးထင်တယ်ကွ ငါ့အလုပ်ကိစ္စတွေကအခုနောက်ပိုင်းတအားများလာလို့ပါကွာ "

"အေးပါကွာအဆိုလည်းငါဘာသာငါကြည့်ကျက်လုပ်လိုက်တော့မယ်  ဖူးစာပါရင်တော့ညားမှာပဲမပါရင်တော့မညားဘူးပေါ့ awwဒါနဲ့မင်းအလုပ်မနက်ဖြန်ပြန်တက်ရမှာမလားအချိန်ရှိတုန်းလေးနားထား "

"ဟုတ်ပါတယ်လေအဆိုငါဖုန်းချလိုက်တော့မယ်နော်"

"အင်း bey bey"

"အေးးး"

   ဖုန်းချပြီးတဲ့နောက်အာကာတစ်ယောက်အလုပ်စားပွဲကိုရှင်းပြီးရေမိုးချိူးကာအိပ်ဖို့ပြင်သော်လည်းအိပ်မရပေ
စိတ်မရှည်စွာဖြင့်ထထိုင်ကာ

"ငါဘာဖြစ်နေတာပါလိမ့်
ငါ့လို မိန်းမတွေရဲ့အကျင့်နဲ့စရိုက်တွေကိုမကြိုက်လို့ လူပျိုကြီးလုပ်မယ်စဥ်းစားထားတဲ့လူက ဒိခလေးမနဲ့မှဘာလို့ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေရတာလဲ

အဲ့ခလေးမပုံရိပ်တွေပဲပေါ်နေတယ် မျက်လုံးမှိတ်လိုက်တိုင်းမှာ  ဟူးးးးး  စိတ်ထိန်း စိတ်ထိန်းဟိုကခလေးသာသာပဲရှိသေးတယ်  ငါ့အသက်အရွှယ်နဲ့ဆိုအတော်ကွာတာ ၁နစ် ၂နစ်လည်းမဟုတ်ဘူး၉နစ်တောင်ကွာတာ သူကလည်းငါ့ပြန်မကြိုက်လောက်ပါဘူး

ဒါမဲ့ငါကလည်းလိုချင်တာရှိရင် မရဘဲမနေနိုင်တော့ ခက်နေပြီ
အရင်ဆုံးသူနဲ့နီဆက်အောင်တော့လုပ်ရမှာပဲ"

      အာကာတစ်ယောက်​ပြောပြောဆိုဆိုနဲ့ မီးပိတ်ကာအိပ်ဆေးသောက်ပြီးအိပ်လိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိပ်ရာနိုးနိုးခြင်း ပြတင်းပေါက်ကိုလှမ်းကြည့်မိတော့ မိုးလေးတွေဖွဲဖွဲလေးရွှာနေလေရဲ့အလုပ်လုပ် ရန်ပြင်ဆင်ပြီးကားနဲ့ထွက်လာတဲ့အာကာလမ်းထိပ်ရောက်တော့ မိုးရွှာထဲ ထီးခလေးဆောင်းကာခပ်သုတ်သုတ်သွားနေသည့်ဂျူဂျူဟန်ကိုတွေ့ကာ  ကားရပ်၍
"ဟိတ် ခလေးမ ခလေးမ"

"ရှင် ဟုတ်ကဲ့ရှင့်"

"မိုးတွေတအားရွှာလာပြီ ဒိတိုင်းသွားရင် မင်းတစ်ကိုယ်လုံးမိုးရေတွေစိုကုန်လိမ့်မယ်  လာဦးလိုက်ပို့မယ် အားမနာနဲ့တက်"

"ဟုတ် ဟုတ်ကဲ့ကျေးဇူးပဲနော် ဦး ဦးငယ်"

      ထိုနာမ်စားလေးကိုခေါ်လိုက်တဲ့တစ်ခန အာကာတစ်ယောက်ပျော်မိသွားတယ်

"ရပါတယ်ဗျာ ဒါနဲ့ဦးကိုခေါ်လိုက်တာကလည်းဦးငယ်တဲ့နော်"

"အဲ့တာကလေ ဦးငယ်ကသိပ်လည်းအသက်ကြီးပုံမပေါက်လို့ပါ့အရွှယ်တင်တယ်လေ"

     မျက်လုံးအဝိုင်းသားလေး၊နူတ်ခမ်းဖူးဖူးလေးနဲ့ ချစ်စဖွယ်ကောင်းတဲ့စကားပြောဟန်လေးတွေက အာကာနစ်လုံသားကိုတဖြုတ်ဖြုတ်ခြွေနေလေရဲ့

"ဟုတ်ပါပြီဗျာ ဘယ်သွားမလို့လဲ ခလေးမ ဦးဘယ်နားချပေးခဲ့ရမလဲ "

"ဒဂုံတက္ကသိုလ်ပါ ကျောင်းကွေ့နားချပေးခဲ့လိုက်နော်ဦးငယ်
ဂျူဂျူ အဲ့ကနေတဆင့်ကျောင်းထဲဝင်တဲ့လိုင်းကားစီးသွားလိုက်မယ်"

"ရောက်ပြီနော်ခလေးမ "

"ကျေးဇူးပဲနော်ဦးငယ်ဂျူဂျူသွားလိုက်ပါဦးမယ်"

"ဟုတ်ပါပြီဗျာ"
      အာကာဟိန်းတစ်ယောက်ဂျူဂျူလိုင်းကားပေါ်တက်သွားတာသေချာမှသာ အလုပ်သို့ဖြတ်လမ်းကနေသွားရင်းပျော်ရွှင်မူတွေတပွေ့တစ်ပိုက်နဲ့ပေါ့
______________________________________
Part 5မျှော်
ရွှန်းလဲ့တက်သလောက်မှတ်တလောက်လေး
ရေးထားပါတယ်အမှားပါရင်ခွင့်လွှတ်ပေးကြပါနော်😘













"အကြင်နာမျက်ဝန်း"Where stories live. Discover now