-ဆုပ်လည်းစူးစားလည်းရူ-

Start from the beginning
                                    

"ကဲပါ ဆူပုပ်မနေနဲ့လာ လျှောက်ကြည့်ရအောင်"

လက်မောင်းကနေ ဆွဲခေါ်တော့ ထိုလူက ပြုံးစစနဲ့ ပါလာသည်။
အချိန်နာရီတွေ ခေတ္တ မေ့ထားလိုက်၏
သူ့လက်ကို ဆုပ်ကိုင်ထားလျက်ရှိသော
အကို့လက်များ ဖယ်ချမသွားစေရန်သာ
ဆုတောင်းမိသည် ။

"ဒီမျက်မှန် တပ်ကြည့် ရိပေါ်လေး "

" လှလား"

"လှတယ်လှတယ် "

အရုပ်တွေနဲ့ ကလေး မျက်မှန်ကို
ရှောင်းကျန့်ခိုင်းတဲ့အတိုင်း ဝမ်ရိပေါ်က
တပ်ထားသည်။ မျက်နှာပြောင်လေး လုပ်နေတဲ့
ကောင်လေးကို ကြည့်ပြီးရှောင်းကျန့်မှာ
အရယ်မပြတ်ရ
ဝမ်ရိပေါ်က နေကာမျက်မှန်ကို အရောင်မျိုးစုံ
ရှောင်းကျန့်ကို တပ်ပေးသည်။

"ဟီး လိုက်တယ်"

"ပေါက်ကရတွေ"

အသဲပုံနှုတ်ခမ်း ကလေး ပီပီပြင်ပြင်
ပေါ်လာသည်ထိပြုံးရယ်နေတဲ့ ကောင်လေးကို
ငေးမောရသည်မှာစိတ်နှလုံးကို အေးချမ်းစေသည်။
ဖြစ်နိုင်ရင် အချိန်ကာလများကို ဒီနေရာမှာပင်
ရပ်တန့်ထားချင်မိတဲ့အထိ

" ပြန်ရအောင် ညနေရောက်နေပြီ"

"ဟောင် ကောကော !"

ဝမ်ရိပေါ်ရဲ့ ချစ်စဖွယ်အပြောကြောင့်
ရှောင်းကျန့်က နဖူးကို လက်သီးဆုပ်နဲ့ ခပ်ဖွဖွ
ထုတယ်
ဒါကို ထိုကောင်လေးက မြူးတူးလို့
အိမ်ပြန်လမ်းကို သိသိသာသာ နှေးကွေးစွာ
မောင်းနှင်နေသော ဆိုင်ကယ်လေး တစ်စီး
ညနေရဲ့ လေပြေ အေးအေးများ တိုးဝှေ့
ဝင်ရောက်လာသည့်အခါ
ခါးပေါ်က လက်ဖြူဖြူတွေ
ပိုမို တင်းကျပ်လာသည်။

ဒါဟာ နိဗ္ဗာန်တစ်ခု ဘဲ
အကို့ဆိုင်ကယ်နောက်က လိုက်ရသည်က နိဗ္ဗာန်
တစ်ခုဘဲ
အကို့ပုံခုံးပေါ် ခေါင်းတင်ပြီး
ပျော်ရွှင်ခြင်းအရသာအား ရိပေါ် တစိမ့်စိမ့် ခံစားလို့နေမိသည်။

" အကို "

"ဗျာ "

ပုခုံးပေါ်က ဝမ်ရိပေါ် အသံ ဩဩကလေးက
နားစည်ထဲ ညင်သာစွာရိုက်ခတ်လာသည်။
တစ်ကိုယ်လုံးက သွေးကြောတွေနိုးကြား
လာသဖွယ် ဝမ်ရိပေါ်အသံလေးကို ထိုလောက်
တောင် သဘောကြနေမှန်းယခုမှ သတိထားမိသည့်
အဖြစ်ပင်
ဘယ်လောက် ကြောင်တောင်တောင်နိုင်လိုက်လည်း

If we have second chance!Where stories live. Discover now