ဒါပေမယ့် Appa စ,သလို ဟျွန်းနီးဟာ ဒီအိမ်က ဟင်းဆို Tissue တောင် ကောင်းကောင်းစားတာမျိုး...။ သူ့ရဲ့ အိမ်က တင်စီးတဲ့ ဂန်းနာမ်မှာ ဆိုပေမယ့်လဲပေါ့...

သူတစ်ယောက်တည်းနေတဲ့ ကွန်ဒိုမှာဆို ပန်းချီကားတွေအပြင် ကော်ဖီစက်ရယ် ပေါင်မုန့်ရယ် ကလွဲပြီး ဘယ်လို အစားအစာ ၊ healthy food မှ ရှိမနေတတ်ဘူးမဟုတ်လား...

စားသောက်ပြီးတော့ ပန်းကန်တွေကို ဆေးမယ့်နေရာကို ကူသယ်ပေးလို့ နှမ်းလေး၀င်ဖြူးရင်း ဗိုက်ကလေးကို ပုတ်ကာ ဇွန်းတစ်ချောင်းနဲ့ ရေခဲသေတ္တာထဲက ယုံးဘို့ရဲ့ ရေခဲမုန့်ဗူးကိုယူပြီး TV ရှေ့သွားထိုင်တယ်...။

" အကုန်စားလိုက်တော့မယ်နော် ... "

ယုံးဘို့ကို စ,နောက်ပြီးတော့ TV ကြည့်နေရင်း လှမ်းအော်ပြောသေးတာ ... ။ အဲ့ဒီ့စကားရဲ့နောက်ကွယ်မှာ 'သူပျင်းနေပြီ မြန်မြန်လာ ' ဆိုတဲ့ အဓိပ္ပါယ်ရှိတာကို နုံအပေမယ့်လဲ ယုံးဘို့က သိပြီးသား..။ တွေးမိရင်းက အသံတိုးတိုးလေးထွက်အောင် ရယ်မိသေးသည်

သူ့ရဲ့ တည်ရှိနေမှုနဲ့တင် လုံလောက်နေတဲ့ ခံစားချက်မျိုးပေါ့ ။ အရွယ်ရောက်ပြီးသား အိုမီဂါတစ်ယောက်အနေနဲ့ ကိုယ့် mate က လွဲပြီး ဘယ်လို အယ်လ်ဖာကိုမှ စိတ်ထဲမထားသင့်ဘူးတဲ့ ။ တချို့သော နိုင်ငံတွေမှာ ကိုယ့် Mate မဟုတ်တဲ့ Alpha ကို သဘောကျမိရင် ထို အိုမီဂါက တရားဥပဒေအရ အရေးယူခံရနိုင်တဲ့အထိ အိုမီဂါတွေအတွက် ထားရှိတဲ့ တရားဥပေဒဘောင်ဟာ ကြပ်ကြပ်မတ်မတ်ရှိပေမယ့် အိုမီဂါတွေ လုံခြုံရေး အတွက် ထားရှိတဲ့ ဥပဒေဟာတော့ လက် ၅ ချောင်းတောင် မပြည့်ခဲ့ပါဘူး...။ ဟိုးရှေးရှေးကလို မပြည့်စုံတဲ့ ယောကျာ်းလေး အိုမီဂါဆိုတာနဲ့ ပြည့်တန်ဆာတန်းမှာ ရောင်းစားခံရဆဲ...

ယုံးဘို့ OG တစ်ယောက်အနေနဲ့ House Surgeon ဆင်းပြီးနောက်ပိုင်း အလိုမတူပဲ အဓမ္မအကျင့်ခံရတဲ့ အိုမီဂါရဲ့ ကလေးကို မွေးဖွားပေးရတဲ့ Case တွေ မနည်းမနှောရှိခဲ့တယ် ။ တချို့ အိုမီဂါတွေဆိုလဲ ဗိုက်ထဲက ကလေးက Alpha ယောကျာ်းလေးမဖြစ်နိုင်လို့ဆိုပြီး mate ဖြစ်သူ ကိုယ်တိုင်က အသက်အန္တရာယ်ကို မထောက်ထား ဖိအားပေး ဖြတ်ချခိုင်းတဲ့ အဖြစ်တွေ ရင်ဆိုင်နေရသည်... ။

You've reached the end of published parts.

⏰ Last updated: Jul 12, 2023 ⏰

Add this story to your Library to get notified about new parts!

Friend Zone Recipe : Page No.2015Where stories live. Discover now