lee know က သူ့ကိုမြင်တော့​အံ့သြသွားတဲ့ကောင်လေးက သူ့နာမည်ခေါ်ပြီးဘာစကားမှမပြောဘဲ မျက်နှာထားတည်တည်နှင့်ရေသွားသောက်နေတာကြောင့် jisung သူ့ကိုစိတ်ဆိုးနေတုန်းဆိုတာသဘောပေါက်လိုက်သည်။ ဆိုဖာပေါ်ကိုကြည့်လိုက်တော့  chan hyung ပေးထားခဲ့သည့်ရေဘူးနဲ့မုန့်က ဒီအတိုင်းပဲရှိနေသေးသည်မို့ ဒီခေါင်းမာတဲ့ကောင်လေးဟာ အစာမစားဘဲလေ့ကျင့်နေတာကိုသိလိုက်ရ၏။

" မင်းတစ်ယောက်တည်း ဒီမှာကျန်ခဲ့တယ်ဆိုလို့ ငါလာကြည့်တာ "

lee know ဘက်ကစကားစလိုက်ပေမယ့် jisung ကရေဘူးအဖုံးကိုပြန်ပိတ်ကာ သူ့အကြည့်ကိုရှောင်ပြီးခေါင်းငြိမ့်ပြသည်။ မဖြစ်တော့ဘူး ချော့မှရတော့မှာပဲ။

" hanna hyung နဲ့စကားပြောကြမလား "

lee know ကနူးညံ့တဲ့အသံနဲ့​ဂရုတစိုက်မေးကာ ဆိုဖာနား၌မတ်တပ်ရပ်နေသော jisungဆီလျှောက်သွားသည်။ ထိုအခါ ချွေးတွေစိုရွဲနေတဲ့ကောင်လေးက သူ့ရဲ့နဖူးမှာကပ်နေတဲ့ဆံပင်ချောင်းတွေလှုပ်ခပ်သွားအောင် ခေါင်းငြိမ့်လိုက်သည်ကိုမြင်လိုက်ရသည်။ အခုချိန်ထိတော့သူ့ကိုမကြည့်သေး။

" ရော့ ချွေးတွေသုတ်လိုက်အုံး "

lee know ကပြောရင်းဆိုရင်းပင် ဆိုဖာလက်တန်းပေါ်ကသဘက်ကိုယူကာ han jisungရဲ့ ပါးဖောင်းဖောင်းလေးပေါ်သို့ဖိကပ်ပေးလိုက်၏။ ပူနွေးသောပါးပြင်နှင့် အေးစက်တဲ့လက်ထိပ်တို့မတော်တဆပွတ်တိုက်မိသွားသည့်အခါ ဆက်ခနဲဖြစ်သော jisung ရဲ့ မျက်နှာလေးက lee know ကိုပြုံးမိသွားစေသည်။

jisung ကသူပေးတဲ့ သဘက်ကိုယူလိုက်ပြီးမျက်နှာပေါ်မှချွေးစက်လေးများကိုခေါင်းငုံ့ကာသုတ်နေပြီးနောက် lee know ပြောမည့်စကားများကိုနားစွင့်နေသည်။ ထို့နောက် lee know ကဆိုဖာမှာထိုင်ချလိုက်ပြီး jisung ကိုလည်းထိုင်စေလိုက်သည်။

" မနက်ကကိစ္စအတွက် hyung တောင်းပန်ပါတယ်။ စိတ်ရှုပ်စရာလေးနည်းနည်းရှိလို့ မင်းအပေါ်ပုံချမိသလိုဖြစ်သွားတယ်။ စိတ်ဆက်နေတဲ့အချိန်ဆိုတော့ hyung လွန်သွားတယ် "

" ဟုတ် "

မျက်နှာကိုဂရုတစိုက်ကြည့်ပြီးတောင်းပန်နေတာတောင် ကောင်လေးကမလှုပ်မယှက် ဆူပုတ်ပုတ်လေးဖြင့် " ဟုတ် " တစ်လုံးပဲပြန်ဖြေလိုက်တာကြောင့် lee know ထပ်ပြုံးလိုက်မိသည်။ ဒီကလေးက သူ့ကိုစိတ်ဆိုးနေတာလား စိတ်ကောက်နေတာလား။

ShipsWhere stories live. Discover now