အပိုင်း (5.3)

Start from the beginning
                                    

ဝမ်မို က သူမ ရဲ့ လက်ကို ဝေ့ယမ်းကာ ထိုဟာကို ထမင်းစား ပြီးတာနဲ့ သူမ အရင်ဆုံး လုပ်ပေး မယ်လို့ ပြောခဲ့ လေတယ်။

တကယ်လို့ သားရဲ အငယ်လေး တွေသာ ID card လိုချင် ရင် လူသား လောက ရဲ့ နည်းလမ်း လုပ်ဆောင်မှု အတိုင်း လိုက်စရာ မလိုပါပေ။ ပြီးတော့ တစ်ခြား သီးသန့် ချန်နယ် တစ်ခု သပ်သပ် ရှိလေတယ်။

နှစ်ပေါင်းများစွာ အတွေ့အကြုံ ရလာ ပြီးတဲ့နောက် ထို ချန်နယ် ရဲ့ လှုပ်ရှား အသုံးဝင်မှု က တဖြေးဖြေး နဲ့ ချောမွေ့ လာခဲ့ လေတယ်။ ထိုဟာ က သူတို့ရဲ့ ကိုယ်ရေး အချက်အလတ် အမှန်ကို မပေါ်သွား စေရုံသာ မက လူသား လောက မှာသာ အလိုက်သင့်လေး စီးမျော သွားလို့ ရလေတယ်။

စားသောက် ပြီးနောက် တစ်ခဏ အနားယူ ပြီး ချိန်မှာတော့ ဝမ်မို ကကလေး နှစ်ယောက် ကို ID card ပြဿနာ ဖြေရှင်း နိုင်မယ့် နေရာ ဆီကို ခေါ်သွား ပေး လိုက်တော့ လေတယ်။

အပေါ်ယံ မျက်နှာ ပြင်မှာတော့ အဲ့တာ က သာမန် ဓာတ်ပုံရိုက် ပေးတဲ့ စတူရီယို တစ်ခု လိုပါပဲ။ အထဲကို ဝင်သွားတဲ့ အခါ မှာတော့ နံရံပေါ်မှာ ပြသ ထားတဲ့ ဓာတ်ပုံတွေ အများကြီး ကို တွေ့ရ လေတယ်။

'' လောင်စုန့် ရေ ၊ ဓာတ်ပုံရိုက်ဖို့ အတွက် ငါ က​လေး တစ်ယောက် ကို ခေါ်လာတယ်! သူက ဘယ်ရောက် နေတာ ပါလိမ့်နော်? ''

ဝမ်မို က အရှေ့က ကောင်တာ မှာ ဘယ်သူမှ မရှိတာ ကိုတွေ့တော့ အထဲ​ဆီ လှမ်းပြီးတော့ အော်လိုက် တော့ လေတယ်။

တစ်ခဏ ကြတော့ နန်ဟွေး တစ်ယောက် အထဲကနေ ထွက်ပေါ်လာတဲ့ '' ဒုန်း ဒုန်း ဒုန်း ဒုန်း '' ဆိုတဲ့ စွမ်းအားကြီး ပြီး လေးလံတဲ့  ခြေသံ တွေကို ကြားလိုက် ရတော့ လေတယ်။

မျက်မှန် တပ်ထား ပြီးတော့ ရိုးသားကာ ပွင့်လင်း မယ့် ဟန် ပေါ်တဲ့ သက်လက်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ရဲ့ အသွင်အပြင် က လှေကား ဆီကနေ ပေါ်ထွက် လာခဲ့လေတယ်။

'' ဟေး ညီမ မို  နင်က လာတာ အရမ်းကို ရှားပါးတဲ့ ဧည့်သည် တစ်ယောက် ပဲ။ ဘာကြောင့်များ ငါ့နေ ရာဆီကို လာလည်ဖို့ အချိန်တွေ အားသွား ရတာ လဲ? ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now