အပိုင်း (5.2)

Start from the beginning
                                    

သူက လူသား ပုံပြောင်း ပြီး တဲ့နောက် သူ့အမေ ကို တောင်အောက် ဆင်းချင်လို့ ဆိုပြီး ပြောပြတဲ့ အချိန်တုံး က ဆို သူအများကြီး အဆူခံ ခဲ့ ရတာလေ။

''ကောင်းပြီ။ ကောင်းပြီ။ အထဲကို ဝင်လာ ပြီးတော့ လာထိုင် လေ။ အန်တီ က အခုမှ အိပ်ယာ က ထတာ။ ဒါကြောင့် အိမ်ကို ဘာမှ သန့်ရှင်းရေး မလုပ်ရ သေးဘူးလေ။ အိမ်က နည်းနည်းတော့ ရှုပ်ပွ နေလိမ့်မယ်။ မင်းတို့ ဘာသာ ပဲ ထိုင်စရာ နေရာ ရှာပြီးတော့ အရင်ဆုံး ထိုင်နေ လိုက်နော် ''

အခန်းထဲကို ဝင်ပြီးတဲ့နောက် နန်ဟွေး တစ်ယောက် မေမေ ဝမ်မို ပြောတဲ့ စကားတွေ က ယဥ်ကျေး သမှုနဲ့ ပြောတာ တွေ မဟုတ်ဘူး ဆိုတာက်ု သိလိုက် ရတော့တယ်။

ဆိုဖာ ပေါ်မှာ၊ ကြမ်းပြင် ပေါ်မှာ၊ အခန်းထဲက ရှိရှိသမျှ နေရာ အားလုံးက စာအုပ်တွေနဲ့ အသိုက် တစ်ခု လို သိပ်သည်း ပြီးတော့ ရှုပ်ပွ နေခဲ့ လေတယ်။

တစ်ချို့စာအုပ် တွေက ဖြန့်ထားကာ တစ်ချို့ စာအုပ် တွေမှာတော့ မှတ်စုအတိုလေး တွေ ကပ်ထား လေတယ်။ အကြည့် တစ်ချက် နဲ့တင် နန်ဟွေး တစ်ယောက် ဘယ်နေရာမှာ ထိုင်ရ မလဲ ဆိုတာကို မသိတော့ ပါပေ။

သူက ဝမ်ဟန် ကို အကူအညီ တောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက် ပေမယ့် သူ သဘောပေါက် သွားတာက တစ်ဖက် က လူက လည်း သူ့ကို ကူကယ်ရာ မဲ့စွာ ပြန်ကြည့် နေတာ ကိုပဲ ဖြစ် လေတယ်။

'' အမေ က အမြဲ အဲ့လို ပဲလေ။ ငါတော့ ဒါကို အတော်လေး နေသား ကျ နေပါပြီ ''

နှစ်ယောက် သား က ဆိုဖာ ပေါ်မှာ နေရာ တစ်ခု စီမံ လိုက်ပြီး တော့မှ ထိုင်ချ လိုက် ကြလေတယ်။

ဝမ်မို ကတော့ သူမ ဘာသာ သူမ သန့်ရှင်းရေး လုပ်နေ ချိန်မှာ ကလေး နှစ်ယောက် က ဆိုဖာ ထောင့်နား လေးမှာ ညှပ်သိပ် ထိုင်နေတာ ကို ကြည့်လိုက် ပြီးတော့ သူမ အနည်းငယ် ရှက်ရွံ့သွား လေတယ်။

သူမ က တစ်ယောက် ထဲ နေရတာ အသားကျ နေပြီ ဖြစ်ပြီးတော့ သူမ ဆီကို များသော အားဖြင့် ဝမ်ဟန် တစ်ယောက် ထဲ ကသာ လာလည် လေ့ ရှိလေတယ်။ ဒါပေမယ့် ဒီနေ့တော့ ဒီနေရာမှာ နန်ဟွေး ပါ ပါလာ သေးတယ်လေ။ သူမက အချိန်အတော် ကြာ တာဝန်ပျက်ကွက် ခဲ့တဲ့ အရည်အချင်း မပြည့် ဝတဲ့ အကြီး တစ်ယောက် လို့ ခံစား မိလေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now