မုဒြာဆေးရှာနေစဉ်အတွင်း ဧကရာဇ်မောင်က ပူလောင်လွန်း၍ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေအားလုံးကို ဆွဲချွတ်နေသည် ။ အနည်းငယ်အအေးဓာတ်ရလာတော့မှ အသိစိတ်ပြန်ဝင်လာပြီး ဆေးရှာနေတဲ့မုဒြာကို လှမ်းပြောလိုက်သည် ။

" မုဒြာ … ဒီကနေထွက်သွားလိုက်ပါ "

" ဘယ်လိုလုပ်ဖြစ်မှာလဲ "

" ရပါတယ် … ကိုယ်နေသားကျနေပြီ … မင်းသာဆက်ရှိနေရင် ကိုယ်မင်းကို ထိခိုက်စေမိလိမ့်မယ် … ကိုယ့်ရဲ့ဖယ်ရိုမုန်းတွေနဲ့ မင်းကိုဘယ်တော့မှ ဖိအားမပေးဘူး … မင်းဆီကအဖြေမရသေးမချင်း မင်းဆန္ဒမပါပဲ ကိုယ်မင်းကို မထိဖူးလို့ကတိပေးတယ် … ဒါကြောင့် ခုဒီအခန်းထဲကနေထွက်သွားပေးပါ … ဒိထက်ကြာကြာနေရင် ကိုယ်ကတိကို ချိုးဖောက်မိလိမ့်မယ် "

" ဒါဆို ဘယ်လိုလုပ်မှာလဲ … သက်သာစေမဲ့ ဆေးတစ်ခုခုမရှိဘူးလား "

" ကိုယ် Ruin ကာလမဖြစ်ခင်က ဆေးကြိုသောက်ထားပေမဲ့ ဒီတစ်ခေါက်ကမတားစီးနိုင်ဘူးထင်တယ် … မပူပါနဲ့ ကိုယ့်မှာတစ်ခြားနည်းလမ်းတွေရှိတယ် "

ဧကရာဇ်မောင်က ကုတင်အောက်ကနေ ပုံးတစ်ခုကိုဆွဲထုတ်လိုက်ပြီး အထဲကနေ ပစ္စည်းတစ်ချို့ကို ထုတ်ယူလိုက်သည် ။ ထိုအရာတွေကို မုဒြာရင်းနီးနေပြီး အနည်းငယ်ပင်ကျောချမ်းသွားလေသည် ။

" လက်ထိပ် … အဲ့ … အဲ့ဒါနဲ့ ဘာလုပ်မှာလဲ "

" ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့အတွက်ပါ "

အဆင့်မြင့်အယ်ဖာတွေက Ruin ကာလမှာ သူတို့ရဲ့ပူလောင်မှုတွေကို ထိန်းညှိပေးနိုင်မဲ့ အိုမီဂါဖယ်ရိုမုန်း သို့မဟုတ် တားဆေးတစ်မျိုးမျိုး မရှိလျှင် အနားကပစ္စည်းတွေကိုပါမက မိမိကိုယ်ကိုယ်ပါ ထိခိုက်အောင် လုပ်ဆောင်တတ်သည် ။ ယခု ဧကရာဇ်မောင်က သူ့ရဲ့ Ruin ကာလမှာ ထိန်းညှိပေးမဲ့ဆေးမရှိ၍ ဘယ်အရာကိုမှ ထိခိုက်ခြင်းမပြုမိအောင် မိမိကိုယ်ကိုယ်ချုပ်နှောင်နေခြင်းဖြစ်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Donde viven las historias. Descúbrelo ahora