မုဒြာက ဧကရာဇ်ထံက သူ့ရဲ့လက်ကို ပြန်ဆွဲယူလိုက်ကာ …

" ဘာလို့ခုမှ ဒီစကားတွေလာပြောနေတာလဲ … နှစ်ပတ်လည်နေ့တွေကို အမြဲမေ့နေတဲ့သူက ဘယ်သူလဲ "

" ကိုယ့်အမှားပါ … မင်းထွက်သွားပြီးတဲ့နောက် ကိုယ်လုံးဝမေ့မရခဲ့ဘူး … နှစ်ပတ်လည်နေ့ရောက်တိုင်း မင်းများကိုယ့်ဆီပြန်လာမလားဆိုတဲ့အတွေးနဲ့ ကိုယ်တစ်ညလုံးမအိပ်ပဲ ထိုင်စောင့်နေခဲ့တယ် … ဒီနေ့က မင်းကိုယ့်ကိုထာဝရချုပ်နှောင်လိုက်တဲ့နေ့ဖြစ်လို့ ခုကိုယ်ကိုယ်တိုင်ကလဲ မင်းရဲ့လက်အောက်မှာ ထာဝရချုပ်နှောင်ခံရဖို့ ဆန္ဒရှိပါတယ် … ကိုယ်မင်းကို အရမ်းချစ်တယ် … ကိုယ့်အချစ်ကို မငြင်းဆိုပါနဲ့တော့  … ကိုယ်ဒီအထိန်းအမှတ်နေ့လေးမှာ မင်းဆီကနေအဖြေပြန်ရရင် ကိုယ်ဒီတစ်သက် သေပျော်ပါပြီကွာ "

မုဒြာဘယ်လိုလုပ်ငြင်းဆိုရက်တော့မှာလဲ ။ ဖယောင်းတိုင်တွေက ရေမွှေးနံ့ပါ၍လားမသိ အခန်းတွင်းမှာ အမွှေးနံ့တွေက မွှန်ထူနေသည် ။ ဧကရာဇ်မောင်ရဲ့ ခန္ဓာကိုယ်က ပူလောင်နေပြီး တစ်ဖြေးဖြေးအသက်ရှူတွေကြပ်လာကာ ဒူးထောက်နေရင်း ရုတ်တရပ် လဲကျသွားသည် ။

" မောင်  "

" …… "

မုဒြာရဲ့ စူးရှတဲ့အော်သံက ဧကရာဇ်မောင်ရဲ့ နားထပ်ကိုတိုးဝင်လာပြီး ရင်ဘက်ထဲကိုအေးမြသွားစေသည် ။ ဒီခေါ်သံလေးကို လွမ်းဆွတ်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ ။ နောက်ဆုံးတော့ သူ့ရဲ့ချစ်လှစွာသော နူးညံ့လွန်းတဲ့ ကုမုဒြာလေး ပြန်ရောက်လာခဲ့ပြီ ။

ဧကရာဇ်မောင်လဲကျသွားတော့ မုဒြာပြာပြာသလဲဖြစ်ကာ ပွေ့ဖက်ထားလေသည် ။ သူအတန်တန်အော်ခေါ်နေပေမဲ့ ဧကရာဇ်မောင်က ပြန်ထူးဖို့ပင်အားမရှိပေ ။ ခန္ဓာကိုယ်က ပူကျစ်နေပြီး ဖယ်ရိုမုန်းတွေကလဲ အတိုင်းအစမဲ့ထုတ်လွှတ်နေသည် ။ ဒီလက္ခဏာတွေအားလုံးက အယ်ဖာတစ်ယောက်ရဲ့ Ruin ကာလဖြစ်စေမဲ့ လက္ခဏာမျိုးဖြစ်သည် ။

အယ်ဖာရဲ့ဖယ်ရိုမုန်းဖိအားတွေကြောင့် မိတ်ဖက်ဖြစ်တဲ့ မုဒြာလဲ စတင်ပြောင်းလဲလာသည် ။ ချမ်းအေးတဲ့ရာသီမှာတောင် အခန်းတွင်းက လေထုကအလွန်ပူလောင်နေတာကြောင့် ဧကရာဇ်မောင်ကို ကုတင်ပေါ်ဆွဲတင်ပြီးနောက် ထွန်းညှိထားတဲ့ဖရောင်းတိုင်တွေအားလုံးကို မီးငြိမ်းလိုက်သည် ။ အခန်းမီးကို ပြန်ထွန်းပြီးနောက် တားစီးဖို့အတွက် ဆေးစရှာတော့သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now