"........."
ရှောင်းကျန့်လေးကခဏတာလောက်စစ်သူကြီးဝမ်ပြောတာကိုဘာသာပြန်လိုက်ရသည်။
သူဘယ်နားကလွဲသွားရတာလဲ?ဝေါယဥ်ထဲလှမ်းဝင်ဖို့ပြင်နေတဲ့စစ်သူကြီးဝမ်ကိုကပြာကယာလှမ်းဆွဲလိူက်တော့ သူ့ဘက်ကိုယက်ကန်ယက်ကန်ပါလာသည်။
"ဘာဖြစ်လို့လဲ??.."
"ကျွန်တော် ကျွန်တော်..."
မြင်းမစီးတတ်ဘူးလို့ပြောရအောင်လဲ သူငယ်ငယ်ကစစ်သူကြီးဝမ်ဟာ ကိုယ်တိုင်သင်ပေးခဲ့လေသည်။
မြင်းအတူစီးချင်ပေမဲ့ သူဘယ်လိုတည့်တည့်ကြီးတော့ပြောရဲပါ့မလဲလေ။လျှာလေးနဲ့သပ်ရင်းအကြံအိုက်နေတုန်း"ရှောင်းမင်းသားကနေမကောင်းဘူးလား?
ဘာဖြစ်နေတာတုန်း ကိုယ့်ကိုပြောလေ..""ကျွန်တော် ခေါင်းမူးနေလို့မြင်းဇက်ကြိုးကိုင်နိုင်မယ်မထင်ဘူး ဝေါယဥ်ကလဲလှုပ်လွန်းလို့မူးတယ်ရယ်..."
"အာ..."
စစ်သူကြီးဝမ်ဟာ အသံပြုရင်း ခေါင်းငြိမ့်ပြလာကာ
"အဲ့တာဆိုကိုယ်ကိုင်ပေးပါ့မယ်..ရှောင်းမင်းသားကမြင်းပေါ်တက်ထိုင်လိုက် ကိုယ်အောက်ကနေဆွဲသွားပေးမယ်...."
"........."
ရှောင်းကျန့်ရဲ့မျက်နှာလေးဟာကြည်နေရာကနေ မိုးအုံ့သွားလေသည်။
ဒီစစ်သူကြီးဝမ်ဟာ ဘာလို့အဲ့လောက်အရိပ်သုံးပါးနားမလည်ရတာလဲ??"အင်း..."
ရှောင်းမင်းသားဟာစိတ်မပါလက်မပါအင်းလိုက်ရင်း စစ်သူကြီးဝမ်ထိန်းပေးထားတဲ့မြင်းပေါ်တက်လိုက်သည်။
တပ်မှူးကျန်းချန်ဟာရှောင်းမင်းသားရဲ့ကိုယ်ရံတော်နဲ့အတူရပ်ရင်း ဖြစ်သမျှအကုန်ကိုရပ်ကြည့်နေကြတာဖြစ်သည်။
ဘေးလူဖြစ်တဲ့ကျန်းချန်းကတောင် ရှောင်းမင်းသားရဲ့စစ်သူကြီးပေါ်ထားတဲ့စိတ်ကိုတစွန်းတစမြင်လာရတာမို့ ထိုမင်းသားလေးနဲ့သူ့ရဲ့စစ်သူကြီးအဆင်ပြေဖို့လှော်ပေးဖို့တွေးလိုက်ကာ စစ်သူကြီးနားကပ်သွားလိုက်သည်။
Chapter-4
Start from the beginning