" ဘာတွေပြောနေတာလဲ ငါပြန်တော့မယ် "

" ဟျောင့် ငါ့ကိုသေချာပြောပြသွားဦးလေ "

Jongwoo တစ်ယောက် Seung Hwan ရဲ့စကားကိုတောင် ဆုံးအောင်နားမထောင်တော့ဘဲ ထွက်သွားတော့သည်၊ သူ့အတွက်နောက်ထပ် မေးစရာလူရှိသေးတယ်ဆိုတာကို သူသတိရသွားတာမို့၊

•• ဒေါက် ဒေါက် ဒေါက် ••

" Jay "

အခန်းတံခါးခေါက်ပြီး နည်းနည်းကြာတဲ့အထိကို ဒီကောင်လေးကထွက်မလာသေး၊ ဘယ်တွေလုပ်နေလဲ မသိဘူး၊

" Jay "

" လာပြီကိုကို ခဏလေး ကျွန်တော်ရေချိုးနေလို့ "

တံခါးပွင့်လာတာနဲ့ ပေါက်စကိုတွေ့လိုက်ရသည်၊
ရေချိုးပြီးကာခါစမို့ထင်တယ် မျက်နှာကပုံမှန်ထပ်ပိုပြီးကြည်လင်နေတယ်၊အပြုံးတွေကလည်း ပိုပြီးတော့ လန်းဆန်းနေသယောင်ရှိသည်၊

ဘယ်လိုလုပ် အချိန်ပြည့်ပျော်ပျော်နေနိုင်ရတာလဲ၊ အမြဲတမ်းအလိုလို ပြုံးနေရတာ မပင်ပန်းဘူးလားမသိ၊  ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်လေ ဒီလိုမျိုးပျော်ပျော်နေနိုင်တော့၊ Jongwooရဲ့ရှုတ်နေတဲ့စိတ်တွေတောင်နည်းနည်းပြေလည်သွားသလိုရှိသည်၊

" ကြာလိုက်တာ မင်းကလဲ "

" ခဏကိုကို ကျွန်တော်အဝတ်အစားလဲဦးမယ် "

သူအခန်းထဲကိုဝင်မယ်လုပ်မှ မဝင်မခံဘဲ တားနေတဲ့ကောင်လေး၊

" လဲလေ ငါလဲဝင်‌မယ်လေ "

" ကျွန်တော်လဲပြီးမှ ကိုကို့အခန်းကိုလာခဲ့မယ် "

" ဘာလဲကွာ " 

စောစောကကြည်သွားတယ်ဆိုတဲ့ Jongwoo ရဲ့စိတ်တောင် အနည်းငယ်ပြန်နှောက်ချင်လာသလိုပင်၊

" ကိုကိုကလဲ ကျွန်တော်မြန်မြန်လဲပြီးလာခဲ့မယ် "

" အင်း "

သူကသာပေါက်စလို့ခေါ်နေတာ တကယ်တမ်းကျ Jay အရွယ်ရောက်လာတာ တကယ်မြန်တာပဲ၊ ၅ နှစ်အရွယ် ကလေးလေးကတည်းက မြင်နေခဲ့ရတဲ့ ဒီကလေးက အခုလိုမျိုးသူ့မျက်စိရှေ့မှာပဲကောင်းကောင်းမွန်မွန်အရွယ်ရောက်လာတာပေါ့၊

TOXIC Unde poveștirile trăiesc. Descoperă acum