အပိုင်း (5.1)

Start from the beginning
                                    

ဝမ်ဟန် ခမျာတော့ သူ့အမေ နဲ့ မတွေ့ရတာ ကြာလို့ တွေ့ဖို့ စိတ်လှုပ်ရှား နေတာ ပဲ ဖြစ်လေတယ်။ အခု တစ်ခါ က အမေ နဲ့ သားတို့ အတူ ဆုံဖို့ အတွက် အခွင့်အရေး တစ်ခု ပဲ ဖြစ်လေတယ်။

နန်ဟွေး ရဲ့ စိတ်လှုပ်ရှား နေရတဲ့ အကြောင်း အရင်း က ပိုလို့တောင် ရိုးရှင်း နေပါ သေးတယ်။

သူက တောင်ပေါ် ကနေ ဆင်းလာတဲ့ အချိန်မှာ ဘီးလေး လုံး ပါတဲ့ သံပြားအကြီးကြီးတွေ မိုးထားတဲ့ ဟာကြီး တွေက လမ်း တစ်လျောက်မှာ ပြေးလွှား နေတာကို မြင်တွေ့ ခဲ့ ရတယ်လေ။

အဲ့တာ က လူသား တွေရဲ့ ခရီးသွားလာ ရေး ပစ္စည်းတွေ ဆိုတာကို သူလေ့ လာ ပြီး သွားတဲ့ အချိန်မှာတော့ နန်ဟွေး က နောက် တစ်ကြိမ် သက်ပြင်းမချ ပဲ မနေ နိုင် ပါ​ပေ။

ဒီလူသား တွေက အရမ်းပဲ ထက်မြက် ကြတာ ပဲရော။

ဒါပေမယ့် ဘတ်စ် ကား ကတ် က အချိန်တို အတွင်းမှာ နှစ်ခါ ဖြတ်လို့ မရ ပါပေ။ ဒါ​​ကြောင့် ဝမ်ဟန် က သူ့ဘာသူ အတွက်တောင့် ဖုန်းကငွေလွဲ ဆော့ဝဲလ် ကနေ တစ်ဆင့် ရှင်းမှာ ဖြစ် ပြီးတော့ သူ့ရဲ့ ဘတ်စ် ကား ကတ်ကို တော့ နန်ဟွေး ရဲ့ လက်ထဲ ကို ထည့်လိုက် လေတယ်။


ဝမ်ဟန် က နန်ဟွေးကို ဘယ်လို လုပ်ရ မလဲ ဆိုတာကို သင်ပေး ခဲ့လေတယ်။

သူက ကားပေါ်ကို ရောက်ပြီ ဆိုတာနဲ့ အဝင်ရှေ့က နေရာရဲ့ အပေါ်နား လေးမှာ အမဲရောင် သေတ္တာလေး က အောက်ကို ငိုက်ထား တာ ဖြစ်ပြီးတော့ ထိုကဒ်ရဲ့ အဖြူတန်း လေးကို အနက်ရောင် သေတ္တာလေး ရှေ့မှာ ထား ရမယ်။ ထားပြီး တဲ့နောက် ' ဘီးစ် ' ဆိုတဲ့ အသံကို ကြားလိုက် ရတာနဲ့ အဲ့ကဒ် ထဲက ငွေကို အောင်မြင်စွာ ဖြတ်ယူ ပြီးသွား ပြီ ဆိုတဲ့ သဘောမျိုးပဲ။

အဲ့အခါ ကျရင် လိုက်ပါ စီးနင်း လို့ ရပြီပဲ ဖြစ်လေတယ်။

နန်ဟွေး က အဲ့ကိစ္စ တွေကို ပထမဆုံး အကြိမ် အဖြစ် လုပ်တယ် ဆိုပေမယ့် သူက အရမ်းကို ထက်မြတ် ပြီးတော့ သူ့ရဲ့ ဦးနှောက် က အမြန်ပဲ လှုပ်ရှား သွားလေတယ်။

နန်ဟွေး က ကဒ်ကို အမြန်ဖြတ် နိုင် ပြီးတော့ ဝမ်ဟန် ရဲ့ အနောက် ကနေ ပြီး ကားပေါ်ကို တက်လာ နိုင်ခဲ့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now