တဖက်လူက ထပ်ပြီးစောတကတက်မလာတာကိုမြင်တော့ ဝေ့ရွှင်းအပေါ်ပြန်တက်ဖို့ပြင်လိုက်သည်။

ဝေ့လန် တဖက်လူရဲ့အင်္ကျီစကိုအလျင်အမြန်လှမ်းဆွဲလိုက်တာကြောင့် ဝေ့ရွှင်းပြန်လှည့်ကြည့်ချိန် သူ ဆွဲထားသည့်အင်္ကျီစကို ချက်ချင်းပြန်လွှတ်ပေးလိုက်ကာ

'' ဒါတွေရေးလို့ပြီးရင် အပေါ်ထပ်မှာအိမ်စာလာလုပ်လို့ရမလားဟင် ''

ထို့နောက် သူက ဆိုဖာဘက်လက်ညှိုးလှမ်းထိုးပြပြီး

'' အဲ့မှာ အိမ်စာလုပ်ရတာ အဆင်မပြေဘူး ''

ဝေ့ရွှင်း ကလေးဘက်ပြန်လှည့်လိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ကိုဟန်ပါပါထည့်ရင်း

'' တစ်လက်မပေးရင် တစ်တောင်လောက်လိုချင်တယ်ဆိုတဲ့စကားပုံကိုသိလား ''

ဝေ့လန်ကလည်း ကျိန်းသေပေါက် အဲ့စကားပုံကိုသိတာပေါ့။ သူ တစ်ခဏလောက် တွေဝေနေပြီးကာမှ ဘောင်းဘီအိတ်ထဲကနေ ကပ်စေးဘောလုံးလေးကိုထုတ်လိုက်ကာ

'' ဒါ ခင်ဗျားကိုပေးမယ် ''

ဝေ့ရွှင်း ကလေးလက်ထဲက ဘောလုံးလေးကိုကြည့်ပြီး သိချင်စိတ်ဖြစ်မိသွားတာကြောင့်

'' မင်း တနေ့တနေ့ ကျောင်းကိုသွားတာ စာသင်ဖို့လား ဒါမှမဟုတ် အရုပ်တွေနဲ့ကစားဖို့လား ''

'' စာသင်ဖို့လေ ဒါပေမဲ့ အချိန်ရရင်ရသလိုလည်း ကစားသေးတာပေါ့ ကောကောရော စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်ကြားက နားချိန်တွေမှာ မကစားဖူးဘူးလား ''

ဝေ့ရွှင်းခေါင်းခါပြလိုက်သည်။

ထိုအခါ ဝေ့လန်ဆိုသည့်လူတတ်ကလေးက အကျိုးအကြောင်းခိုင်လုံလှသည့် အကြောင်းပြချက်တစ်ခုပေးလာခဲ့သည်။

'' ဘာလို့လဲဆိုတော့ ကောကောတို့က အထက်တန်းကျောင်းသားဖြစ်နေပြီလေ ကျွန်တော်တို့ထပ်ပိုကြီးတယ် ကျွန်တော်တို့ကကျအခုမှ မူလတန်းပဲရှိသေးတာ ''

ထိုအကြောင်းပြချက်မှာ တော်တော်လေးကိုမှ အကျိုးအကြောင်းခိုင်လုံလှပြီး လက်ခံချင်စရာကောင်းလှသော်ငြား ဝေ့ရွှင်းကတော့ ဒီအရွယ်ကြီးနဲ့ တနေ့တနေ့ ကစားစရာတွေသယ်ပြီးကျောင်းသွားတတ်တာက တော်တော်လေးလွန်လွန်းအားကြီးသွားပြီဟု ထင်မိလေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Tempat cerita menjadi hidup. Temukan sekarang