16

1.4K 117 5
                                    

" ပုံ့ပုံ့ရော ဒီနှစ်အောင်မယ်မလား "

ကိုကိုကြီးက စကားစလာသည်။ကိုကိုကြီးသည် သူ၏နယ်ပယ်လုပ်ငန်းခွင်တွင် ဒေါသကြီးသည် ဟု သတင်းမွှေးပါသော်လည်း ရင်းနှီးမိတ်ဆွေများအပေါ်တွင် အလွန်နွေးထွေးသည်။မောင်နှမများကို ချစ်ခင်တွယ်တာသည်။ပျူငှာပြီး သဘောမနောကောင်းတာကြောင့် ကိုကိုကြီးသည် သူ၏မိတ်ဆွေများကြားတွင်တော့ ကောင်းသတင်းမွှေးပါသည်။

ကိုကိုကြီးကိုယ်တိုင်က အိမ်ထောင်သားမွေးမလုပ်သူဖြစ်တာကြောင့် မိမိရှေ့တွင် ကြီးပျင်းအရွယ်ရောက်လာသော သူငယ်ချင်းသာကြည်ရဲ့သမီးကိုလည်း မိမိရဲ့သမီးအရင်းလေးတစ်ယောက်လို သဘောထားသည်။

" ဒါပေါ့ အန်ကယ်လ်ကိုးရဲ့။‌ဒီနှစ် ပုံ့သေချာကြိုးစားမှာ "

" ဒါဆို စာမေးပွဲအောင်ရင် ပုံ့ဘာလိုချင်လဲဆိုတာသာ စဉ်းစားထား "

" လိုချင်တာကရှိတယ် အန်ကယ်လ်ကိုးရဲ့ "

" ကဲ ပြောပါဦး "

" အန်ကယ်လ်ကိုး မင်္ဂလာတောင်ညွှန့်မှာ ဝယ်ထားတဲ့မြေကွက်ရှိတယ်ဆို။ပုံ့ အဲ့တာလိုချင်တာ "

ကိုကိုကြီးမှာ စားလက်စထမင်းနင်မတက်ဖြစ်သွားသည်။ထို့အတူ မြစိမ်းတို့မှာလည်း မထူးခြားနား။မငယ်က မြစိမ်းကို မသိမသာမျက်ခုံးပင့်ပြသည်။မြစိမ်းမှာ ခေါင်းခါ၍ သူမသိကြောင်း ငြင်းချက်ထုတ်သည်။

ကိုလေးကမူ အံ့ဩခြင်းမပြ။အမှန်ဆို တန်ကူးသာကြည်၏အနေအထားဖြင့် ထိုထက်မကသော လက်ဆောင်ကိုတောင်းလျှင်တောင် ရပါသေးသည်။မေညိုဆိုလျှင် မျက်လုံးလေးဝိုင်းပါးစပ်လေးဟနေတော့သည်။တရားခံတန်ကူးသာကြည်ကဝောာ့ အေးအေးလူလူနဲ့ ကိုကိုကြီးရဲ့ထမင်းပန်းကန်ထဲ ပုန်းရည်အနှစ်ထဲ နစ်နေသည့်အဆီအိနေသောဝက်သားတုံးကြီးကို ခပ်ထည့်ပေးလေသည်။

" အန်ကယ်လ် အဲ့အကွက်ရဖို့ လေလံပွဲမှာ မနည်းလိုက်ထားရတာ "

ကိုကိုကြီးသည်  နှုတ်ကျွံထားပြီးသူဖြစ်တာမို့ ပညာတက်ပီပီ တန်ကူးသာကြည်၏ဝောာင်းဆိုချက်ကို မငြင်းပါ။သို့သော် အသံမှာမူ ရက်ရောမနေ။တန်ကူးသာကြည်ကလည်း ကိုကိုကြီး၏တွန့်တိုမှုကို အတိုင်းသားမြင်နေရသည်မို့....

စိမ်း ( Green )Where stories live. Discover now