နှုတ်ခမ်းကြီးဆူကာ ရန်တွေ့နေတဲ့ ပိစိကြောင့် ထယ်ယောင်းမှာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်  တော်ကြာရီမိရင်  ဒီပိစိက ထက်ရစ်နေအုံးမှာ သိနေတယ်လေ

tae: ဟုတ်ပါပြီ  ဒါဆို kookie မကြိုက်ရင် ကိုကို ပိစိလို့မခေါ်တော့ဘူးနော် 

kook:  ဟုတ် လာခဲ့ကိုကို  ဟိုဘက်က ပန်းခင်းထဲသွားရအောင်

tae: omm

kookie လေးကာ ဦးဆောင်ပြီး ထယ်​ယောင်းကအနောက်ကလိုက်ကာ ပန်းခင်းကြီးကို အတူကြည့်ကြရင်း  နှင်းဆီပန်းတွေ အရောင်စုံ စိုက်ထားတဲ့ဘက်ကိုရောက်တော့  kookie လေးက အပြုံးလေးတွေနဲ့စိုက်ကြည့်နေတာကြောင့် ထိုကလေးက နှင်းဆီပန်းလေးတွေကို သိပ်သဘောကြတယ်ထင်ပါရဲ့ 

    ဒါကြောင့် ထယ်ယောင်းလဲ ဖြူစင်လွန်းတဲ့ ထိုကလေးငယ်ကို နှင်းဆီအဖြူလေးတစ်ပွင့်ခူးကာ ပေးရန်စဥ်းစားကာ ဘေးဘက်က အဖြူရောင် နှင်းဆီတစ်ပွင့်က်ို ခူးပြီး  ထိုကလေးအား လှမ်းပေးလိုက်သည်

tae: kookie ရော့ မင်းလေးအတွက် မင်းလေးလို ဖြူစင်တဲ့ အဖြူရောင်နှင်းဆီ

kook:  ဟင်  ကူးရဲ့ ပန်းလေး   ကိုကိုဘာလို့ခူးလိုက်ရတာလဲ  သွားပါပြီ  အီးဟီးး     မကောင်းတဲ့လူ   kookie ရဲ့ ပန်းလေးကိုခူးလိုက်တယ်   ဗြဲ  

     ရိုက်ကြီးတငင် ထအော်ငိုတဲ့  kookie ကြောင့် ထယ်ယောင်းလဲ ကြောင်အကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့  ကြောင်တောင်တောင်ဖြစ်နေရာမှ အရှေ့က မျက်ရည်တွေကော နှပ်ရည်တွေကော ရွဲနေတဲ့ကလေးကြောင့် ပြန်အသိဝင်လာတော့ လက်ထဲက နှင်းဆီလေးကို မမြင်တော့ရင် အငိုများတိတ်လေမလားဆိုတဲ့ အတွေးနဲ့  အဝေးကိုလွှတ်ပစ်လိုက်ကာ   kookie ကိုချော့မို့လုပ်တော့    ထယ်​ယောင်းလက်ကို ဖမ်းဆွဲကာ  အသားထဲထိ ဆူးခနဲ နစ်ဝင်သွားအောင် ကိုက်လာတဲ့  kookie ကြောင့် ထယ်ယောင်းလဲ နာကျင်သွားရသည်

tae: အား   kookie. ကိုကို့ကို ဘာလို့ကိုက်ရတာလဲ  

      ထိုကလေးရဲ့ ယုန်သွားလေးတွေ ဘယ်လောက်ထိထက်လဲဆိုရင်  ထယ့်လက်လေးမှာ သွားရာကအကွင်းလိုက်ဖြစ်ကာ  သွေးများပင်နီရဲသွားရတော့သည်

My Little Brother(Complete) Where stories live. Discover now