.....

တာအိုဖခင်
အပိုင်း ၇၂

            
          လင်းမိသားစု မှာ နောက်ထပ်နေ့တစ်နေ့ ကုန်ဆုံးသွားခဲ့ပြန်ပြီ။ ဒါပေမဲ့ ဒီနေ့ကတော့ မိသားစုကြီး ရဲ့ လှုပ်ရှားသက်ဝင်ဆုံး နေ့လို့ပြောလို့ရတယ်။
      အစောင့်တွေ အကုန်လုံး ခါတိုင်းလို မိုယုရဲ့လေ့ကျင့်မှု ခံယူဖို့အတွက် အပြင်မထွက်ကြဘဲ အိမ်ထဲမှာပဲ သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်နိုင်ဖို့ နေခဲ့လိုက်ကြတယ်။ တစ်ယောက်ချင်း စီတိုင်း မနေ့က ဆေးလုံးတွေ  ရပြီးကြပြီ မဟုတ်လား။
      ဆရာမတန်ရဲ့ သင်ခန်းစာ ပြီးသွားတဲ့အခါ အိမ်လယ်ကွက်လပ်ကြီးမှာ လူတွေစုလာကြတဲ့အတွက် ကွက်လပ်တစ်ခုလုံး ပြည့်လုမတတ်ဖြစ်သွားတယ်။ အဲ့တာကြောင့် အစောင့်တွေ ကိုယ့်အခန်းကို ပြန်လိုက်ကြပြီး ကိုယ့်နည်းလမ်းအတိုင်း ဆေးကို သောက်သုံးလိုက်ကြတယ်။ ပြီးတာနဲ့ ကိုယ်စီ  ကျင့်ကြံမှုကို စတင်လိုက်ကြတယ်။
      မနေ့ကမှ အသစ်ရောက်လာခဲ့တဲ့ ကောင်းယုကတော့ မိုယုကို မိတ်ဆက်လိုက်တယ်။ ပြီးတော့မှ သူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ကြယ်ရောင်ဘုံ အဆင့်ကို တက်နိုင်ဖို့ စကျင့်ကြံလိုက်တယ်။ ဆွန်းဝမ် ကတော့ အိမ်လယ်မှာ လူတွေများနေတဲ့အတွက် သီးသန့်နေရာတစ်ခုမှာ သွားကျင့်ကြံလိုက်တယ်။
       လင်းတျောက်ချင် ကတော့ လင်းရိုရှန်း ကိုလှမ်းခေါ်လိုက်တယ်။
    "ရှန်းအာ အဖေမင်းကို ဒီအတောအတွင်း ပေးထားတဲ့ လေ့ကျင့်မှုတွေက မင်းရဲ့ တိုက်ခိုက်စွမ်းရည် ဗီဇကို လှုံ့ဆော်ဖို့အတွက်ပဲ။ မင်းရဲ့ အဲ့ဗီဇက သန်မာနေသရွေ့ ဘယ်လို တိုက်ခိုက်မှု ပုံစံကို မဆို ခဏလေးနားလည်နိုင်ပြီး သင့်တော်တဲ့ တုံ့ပြန်တိုက်ခိုက်မှုပုံစံ ကိုလည်း ခဏအတွင်း ပြန်ထုတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီလေ့ကျင့်မှုက အရမ်းကို အချိန်ယူရမှာ။
      အဖေ ဒီရက်တွေမှာ မင်းနဲ့ဆွန်းဝမ် တို့ တိုက်ခိုက်နေတာ ကို အမြဲသတိထားကြည့်နေခဲ့တယ်။ အခေါက်ပေါင်းများစွာ ရှုံးပြီးတဲ့နောက်မှာတောင် မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တိုးတက်မှုကို မရောက်ဘဲနဲ့ ဆုတ်ယုတ်တဲ့ဘက်ကို ပြန်သွားနေတာ တွေ့ရတယ်။ အဲ့တော့ ခဏလောက် မင်းတို့ တိုက်ခိုက်တာကို ရပ်ထားမှ ဖြစ်မယ်"
      လင်းရိုရှန်း သူ့အဖေပြောတာကို ချက်ချင်း နားလည်လိုက်တယ်။ တစ်နေ့ကို အကြိမ်တစ်ရာ လောက် ဆွန်းဝမ် ရဲ့လက်မှာ ရှုံးနေရတာကို သူစိတ်ပျက်လာခဲ့ပြီ။ ဆွန်းဝမ်အနေနဲ့ သူ့အင်အားကို ထိန်းပြီး မထိခိုက်အောင် တိုက်ပေးပေမဲ့ ရှုံးဖန်များလာတော့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာခဲ့တယ်။ 
     "အဖေ မင်းကို ဒီနေ့ပြောပြမယ့် လျို့ဝှက်ချက်ကို မင်းဘယ်သူ့ကိုမှ  ပြောပြလို့မရဘူး"
    လင်းရိုရှန်း ခေါင်းကို မြန်မြန် ညိမ့်လိုက်တယ်။
    "သား ဘယ်သူ့ကိုမှ မပြောပြ ဘူးလို့ ကတိပေး တယ် အဖေ"
     "ဟုတ်ပြီ။ တကယ်တော့ မင်းရဲ့ သွေးအမျိုးအစားက တိုင်းရန့်အီသာ လို့ခေါ်တယ်။ ဒီသွေးအမျိုးအစားကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ဘုံ ကလူတွေက တိုက်ခိုက်ပြီဆို ရေကုန်ရေခမ်း တိုက်လေ့ရှိကြတယ်။ တိုက်ခိုက်တာများလေလေ သူတို့ ပိုသန်မာလာလေလေ ပဲ။ ဒါက ဒီသွေးရဲ့ ထူးခြားချက်ပဲ။
      ဒါပေမဲ့ ရဲရင့်စွာ တိုက်ခိုက်ရုံလောက်နဲ့တော့ ဒီသွေးက အစွမ်းပြမှာ မဟုတ်ဘူး။ မင်းမှာ သန်မာအားကောင်းတဲ့ နှလုံးသားတစ်ခု ရှိရမယ်။ အဖေအခုပြောပြမယ့် စကားတွေကို သေချာမှတ်ထားပါ။
    ကောင်းကင် မပျက်သရွေ့ တိုင်းရန့်အီသာ က ဦးညွှတ်မှာ မဟုတ်ဘူး။
     ဒီစကားလုံးတွေ ကိုမင်းစွဲစွဲမြဲမြဲ မှတ်မိနေသမျှ မင်းရဲ့ ကျင့်ကြံမှု မှာအခက်အခဲ လုံးဝ  ရှိမှာ မဟုတ်ဘူး။
     လင်းရိုရှန်း ပါးစပ်အဟောင်းသား နဲ့ သူ့အဖေကိုကြောင့်ကြည့်နေလိုက်တယ်။ လင်းတျောက်ချင် သားဖြစ်သူရဲ့ အမူအရာကို ဂရုစိုက်မနေဘဲ ဆက်ပြောလိုက်တယ်။
   " မင်းအတွက် ကျင့်ကြံမှုရဲ့ အနှစ်ကို ပြောပြတာအပြင် လက်သီးသိုင်း တစ်ခုကိုလည်း အခုပဲ သင်ပေးမလို့။ ဒီသိုင်းပညာကို အဖေအရင်က ကိုယ်တိုင်ပဲ ဖန်တီးခဲ့တယ်။ ဒါနဲ့ဆိုရင် ဘယ်သူကမှ အဖေ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး။ မင်းရဲ့ လက်သီးသိုင်း ကိုလည်း ချဲ့ထွင်ဖို့ ဒါက အထောက်အကူ ပြုလိမ့်မယ်"
     လင်းတျောက်ချင် ပြောပြီးတာနဲ့ တစ်ခါတည်း သားဖြစ်သူကို သင်ပြလိုက်တယ်။ သင်ပြနေရင်းနဲ့ပဲ ဆက်ပြောလိုက်တယ်။
    "အခုလောလောဆယ် တော့ ဒီသိုင်းရဲ့ တကယ့် အင်အားကို မင်းထုတ်ပြနိုင်ဦးမှာ မဟုတ်သေးဘူး။ ဒါပေမဲ့ သိုင်းကွက်ဟန်လှုပ်ရှားမှု ကိုသေချာလိုက်မှတ်ပြီး နေ့စဥ်မပြတ် လေ့ကျင့်မယ်ဆိုရင် တစ်နေ့မှာ ဒါက မင်းကိုယ်ပိုင် ဖြစ်လာလိမ့်မယ်။
      ပထမဆုံး ရွေ့ကွက်ကို ကောင်းကင်ဖြတ်ခြင်းလို့ခေါ်တယ်။ ဒုတိယရွေ့ကွက်ကိုတော့ မြေပြင်ပျက်သုဥ်းခြင်း၊ တတိယမြောက် ရွေ့ကွက်ကိုကျတော့ မိစ္ဆာအပြစ်ပေးခြင်းလို့ အမည်တပ်ထားတယ်"
     အကွက်နာမည်တွေ ပြောပြရင်း တစ်ခါတည်း လှုပ်ရှားမှုပုံစံကိုလည်း ပြသလိုက်တယ်။ ဒီလက်သီးချက်တွေနဲ့ပဲ သူအရင်ဘဝက ရန်သူတွေ အများကြီးကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုပြလိုက်တဲ့ ဟန်တွေက အရင်ဘဝက သုံးခဲ့တဲ့ ဟန်တွေနဲ့တော့ နည်းနည်း ကွဲပြား တယ်။ လက်သီးရဲ့ တကယ့်အင်အားကို သူလည်း အခုချိန်မှာ မထုတ်ပြနိုင်သေးဘူး မဟုတ်လား။
     ဒီဘဝမှာတော့ သူ့ရဲ့ ကျင့်ကြံမှု ကအခုမှ ချီစုစည်းခြင်း အဆင့်၃ပဲ ရှိသေးတယ်လေ။ တကယ့်အင်အားကို မပြနိုင်သေးတာလည်း တစ်ခုတော့ကောင်းတယ်။ လင်းရိုရှန်း ကိုသင်ပေးလို့ရတယ်လေ။ နို့မို့ရင် ဘာတစ်ခုမှ သူနားလည်နိုင်မှာ မဟုတ်ဘူး။
     သုံးကြိမ်စီ ပြသလိုက်ပြီးတဲ့အခါ လင်းတျောက်ချင် သားဖြစ်သူ ပြန်ကြည့်လိုက်တယ်။
   "မင်းအခု မှတ်မိပြီလား"
  လင်းရိုရှန်း ရှက်နေတဲ့အမူအရာနဲ့ ခေါင်းခါပြလိုက်တယ်။
    "ဒါက အရမ်းရှုပ်တယ်"
  လင်းတျောက်ချင် ရယ်မောလိုက်တယ်။
  "ဟုတ်တယ်။ မင်းအတွက် နားလည်နိုင်ဖို့ ဒါက တော်တော်ခက်တယ်။ အဖေလုပ်ပြတဲ့အတိုင်း တစ်ခါပြန်လိုက်လုပ်နော်။ တကယ်တော့ လှုပ်ရှားမှုက အရေးမကြီးဘူး။ မင်းလက်သီးကို ထိုးလိုက်တဲ့အချိန်မှာ ရလိုက်တဲ့ ခံစားမှုကို သေချာမှတ်ထားပါ။ ဟုတ်ပြီလား"
    လင်းတျောက်ချင် နောက်တစ်ခေါက် ထပ်လုပ်ပြလိုက်တယ်။ လင်းရိုရှန်း ပြီးသွားပေမဲ့လည်း မျက်လုံး ကိုမဖွင့်ဘဲ ဒီခံစားချက်ကို နှလုံးသား ထဲမှာ မှတ်မိနေအောင် အထပ်ထပ် ရိုက်သွင်းလိုက်တယ်။
     တအောင့်ကြာတော့မှ မျက်လုံး ဖွင့်လာခဲ့ပြီး သူ့အဖေကို ပြေးဖက်လိုက်တယ်။
    "ကျေးဇူး တင်ပါတယ် အဖေ"
   "မင်းဘာလို့ အဖေ့ပေါ်ကို ဒီလောက်ထိ ယဥ်ကျေးပြနေရတာလဲ။ ဒါကို ကောင်းကောင်း လေ့ကျင့်မယ်နော်။ ဒါနဲ့ မင်း မီးလှုံပွဲတော် မှာ ဝင်ပြိုင်မယ်လို့ ကတိပေးထားတယ် မဟုတ်လား။ အဖေ့အထင် တစ်လလောက်တောင် မလိုတော့လောက်ဘူး။ မင်းမြန်မြန် အဆင့်တက်မှ ဖြစ်မယ်။ မဟုတ်လို့ မင်းသာရှုံးရင် အဖေတို့ရယ်စရာ ဖြစ်နေလိမ့်မယ်"
     "သားလုံးဝ ရှုံးမှာ မဟုတ်ဘူး အဖေ"
     "ကောင်းပါပြီ။ မင်းရည်မှန်းချက် ကြီးတာ အဖေသိတယ်။ မင်းကိုယ်တိုင် သူများတွေကိုပြမှ ဖြစ်မယ်နော်"
    လင်းတျောက်ချင် သားဖြစ်သူကို ညွှန်ပြပြီးတာနဲ့ ထပ်ပြီး အာရုံမစိုက်တော့ဘဲ လွှတ်ထားလိုက်တယ်။
     ချက်စ်ခုံရှိရာကို ပြန်လျှောက်လာလိုက်တယ်။ အိမ်လယ်ကွက်လပ်မှာတော့ မီလိုင်တစ်ယောက် ကလေးတွေအကုန်လုံး ရဲ့အခြေအနေကို တိတ်တဆိတ်  စူးစမ်းနေလိုက်တယ်။ တစ်ယောက်ချင်းစီရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကို အမြင်နဲ့ မှတ်သားလိုက်ပြီး သကင့်တော်တဲ့ အဝတ်အစားတွေ ပြင်ဆင်ပေးဖို့ ရည်ရွယ်ထားလိုက်တယ်။
     ဒါမှလည်း အကုန်လုံးက သူ့ကို အဒေါ်လို့ ခေါ်ဖို့ သဘောတူကြမယ် မဟုတ်လား။ မီလိုင် ဒန်းဆီကို လျှောက်သွားလိုက်ပြီး လင်းဝမ်ကျင်း ကို စကားသွားပြောလိုက်တယ်။
    "ဝမ်ကျင်း အစ်မ အိမ်ကိုပြန်မလို့ပဲ။ လိုချင်တာရှိရင် ပြောလိုက်လေ။ အစ်မဝယ်လာပေးမှာပေါ့"
    ပြောနေရင်းနဲ့ပဲ သူ(မ)လက်က ဒန်းကြိုးဆီကို ကိုင်ပြီးလွှဲမလို့လုပ်လိုက်တယ်။ ဒီဒန်းကို ဘာလို့စီးနေတာလဲ နားမလည်ပေမဲ့ ဒါက သူ(မ)ရဲ့ ကြင်နာမှုကို ဖော်ပြတဲ့လုပ်ရပ်ပဲလေ။
     "မလုပ်နဲ့ ။ သူ့ဘာသာရွေ့မှဖြစ်မှာ"
   လင်းဝမ်ကျင်း မြန်မြန် ပဲ တားလိုက်တယ်။ ဒီဒန်းက စည်းမျဥ်းတစ်ခုနဲ့ သွားနေပြီး တစ်ခုခုကို နားလည်မှ ကျင့်ကြံနိုင်မှာဆိုတော့ လင်းဝမ်ကျင်း လုံးဝအမှားမခံနိုင်ပါ။
    လက်နှစ်ဖက်ကို ဘေးမှာ ကျောက်ရုပ်လိုပြန်ချထား လိုက်တဲ့ မီလိုင်ကို တစ်ချက်ကြည့်လိုက်တယ်။
     "ဘာကိစ္စရှိလို့လဲ ဟင်"
    မီလိုင် ကတုန်ကရင်နဲ့ ပြန်ပြောလိုက်တယ်။
  "အဲ့ဒါက ဒီလိုပါ။ မင်းတို့အဖေက မင်းတို့ကို ဒီနှစ်တွေတောက်လျှောက် ဂရုစိုက်လာခဲ့ရတာ အခု သူ့ကို ပြန်ဂရုစိုက်မယ့် လူကျတော့ မရှိဘူးလေ"
   လင်းဝမ်ကျင်း ချက်ဆို နားခွက်က မီးတောက်ပြီးသားပဲ။
   "အဲ့တော့ အစ်မက သမီးတို့ အမေဖြစ်ချင်တယ်ပေါ့"
    "အဲ့လို ကံတရားကတော့ ဘယ်ရှိနိုင်ပါ့တော့မလဲ"
    မီလိုင် အခုမှ တော်တော်လေး ရှက်နေမိတယ်။ ကိုယ့်ထက် အများကြီး ငယ်တဲ့ ကလေးရှေ့မှာမှ ဒီအကြောင်းကို လာပြောနေရတယ် မဟုတ်လား။ ဒါပေမဲ့လည်း အခွင့်အရေး ကို မဆုပ်ကိုင်ရင် ကိုယ်လုပ်တော် တောင်ဖြစ်ခွင့်ရှိမှာ မဟုတ်တော့ဘူးလေ။
    "အဲ့တော့ အစ်မက သမီးတို့ကို အဒေါ်လို့ ခေါ်စေချင်တာ။ ဟုတ်တယ်မို့လား"
    "မင်းရော အဲ့လိုခေါ်သင့်တယ်လို့ ထင်လား"
   "အိုးးးး သမီးတို့ပြောတာတွေက အကြုံးမဝင်ပါဘူး။ အဖေ သဘောတူနေသရွေ့ အဆင်ပြေတယ်။ အားလုံး ကိုယ်စားသမီး ပြောရဲတယ်။ ဘယ်သူ့မှ လိုက်မေးစရာ မလိုဘူး။ အဖေသဘောတူရင် သမီးတို့မှာ ဘာမှပြောစရာမရှိဘူး။ အဖေ့ကို ကောင်းကောင်း ဂရုစိုက်ပေးရင်ရပြီ။ ဒါပေမဲ့ အဖေက အခြားအမျိုးသမီး......အဲ။ သတိတော့ထားပါနော်..."
     လင်းဝမ်ကျင်း ခေါင်းထဲမှာ ကျောက်မန် အရိုက်ခံရတဲ့ပုံစံတွေ ပြန်ပေါ်လာခဲ့တယ်လေ။

တာအိုဖခင် ( လင်းတျောက်ချင် ) အတွဲ ၁Where stories live. Discover now