🕯||Chapter-1||🕯

538 35 4
                                    

Unicode🐭

''ဘာပြောလိုက်တာလဲ Daddy နောက်တစ်ခေါက်လောက်ပြန်ပြောပေးပါအုန်း၊
ကျွန်တော်နားကြားများမှားတာလားလို့''

''အေး...မင်းမမှားဘူး မင်းကိုSatang Kittiphopဆိုတဲ့ကောင်လေးနဲ့လက်ထပ်ခိုင်းမယ်လို့ပြောနေတာ''

ဆိုဖာပေါ်မှာ ထိုင်နေတဲ့Mommyမျက်နှာကိုလှမ်းကြည့်လိုက်ရင်း အသနားခံမျက်လုံးလေးတွေနဲ့ကြည့်လိုက်ပေမဲ့.....

''မင်းMommy ကိုအားကိုးမနေနဲ့Winny
အဲ့ဒီ့ကောင်လေးက သူ့သူငယ်ချင်းPanရဲ့သားပဲ''

''ဟာ....Daddyရာ မမိုက်ပါဘူးဗျာ၊ကိုယ့်သားကို ကိုယ်ယောက်ျားပေးစားရတယ်လို့ဗျာ''

ဆိုဖာပေါ်စိတ်ပျက်လက်ပျက်နဲ့ ပစ်လှဲထိုင်ချပြီး အိတ်ထဲက ကားသော့ကိုစားပွဲပေါ်ပစ်တင်လိုက်သည်။ဆိုဖာပေါ်မှာ သုန်မှုန်နေတဲ့မျက်နှာထားနဲ့Daddyကိုကြည့်နေပေမဲ့ Daddyကတော့ဂရုမစိုက်။

''မိုက်တာတွေရော ၊မမိုက်တာတွေရောငါမသိဘူး၊မင်းSatang Kittiphopဆိုတဲ့ကောင်လေးနဲ့လက်ထပ်ရမယ်''

''ဟာ.....Daddyရာ...အဲ့ကောင်ကဘဝင်လေဟပ်နေတဲ့အကောင်ဗျ၊ဆောင့်ကြွား ဆောင့်ကြွားနဲ့၊ရုပ်ကိုက ဘာရုပ်မှန်းကိုမသိဘူး၊အန်ချင်စရာကြီး၊ကြည့်လို့ကိုရတာမဟုတ်ဘူး''

''ဒီလိုပါပဲကွာ
ဘာတဲ့ ချစ်ချင်းအစ အမြင်ကပ်ခြင်းကတဲ့၊
အချစ်ဆိုတာတဖြည်းဖြည်းနဲ့ ချစ်လာတာမျိုး''

''ဟာ....................Daddy
ချစ်ခြင်းအစ မုန်းခြင်းကမဟုတ်ဘူးလား၊
ဒါနဲ့ဘာလို့ကျွန်တော့်ကို ဒါတွေလာသင်ပေးနေတာလဲ''

''ဟာ...ဟေ့ကောင်
မင်းကမှသူ့ကိုမမုန်းပဲအမြင်ကပ်နေတာကိုကွ၊ငါကဒါဆို ဒါပဲ၊မင်းMommyနဲ့ငါနဲ့လက်ထပ်တုန်းကဆိုရင် တစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးပဲနဲ့ သဘောတူခဲ့ကြတာ''

''လုပ်ပြန်ပြီ၊
အဲ့ဒီ့ 1980ခုနှစ်ကဟာတွေသိမ်းထားခဲ့စမ်းပါဗျာ၊''

''လျှာတွေ ရှည်မနေနဲ့ဟေ့ကောင်''

''Winny Thanawin ငါဘာမှဝင်မပြောတာအကောင်းထင်မနေနဲ့နော် မနက်မိုးလင်းတော့မယ် သွားသွား...သွားအိပ်တော့
ငါတို့လဲတရေးမှမအိပ်ရသေးဘူး နင်အပြင်ကပြန်လာတာကိုစောင့်နေရတာ''

"My Little Jerry"Where stories live. Discover now