ခယောင်း ခြံထဲပန်းပင်များကိုရေလောင်းပြုစုနေတဲ့မာလီဦးလေးကြီးကိုမြင်တာနဲ့
"ဦးကြီး''
"ဝေ ''
နောက်လှည့်ကြည့်တော့မှ အမလေးငါ့ဒီပါးစပ်မဆင်ခြင်တာ

"အယ်မမလေး''
"ဟီးအလိုမခေါ်ပါနဲ့ရပါတယ်''
ရှိရှိသမျှသွားပေါ်အောင်ရယ်ပြရပြန်သည်

ကောင်းကင်တယောက် ခြံထဲကဧည့်သည်တွေတွေ့ဖို့လုပ်ထားတဲ့နေရာမှာထိုင်ရင်း မိုးပြာရောင်ဂါဝန်ဒူးအောက်ကျလေးနဲ့ ဆံပင်နှစ်ဖင်ခွဲစည်းထားတဲ့ကလေးငယ်ကို ချစ်စနိုးကြည့်နေသည်မှာမျက်လုံးများကသိသာလှသည်

"ဦးကြီးဟိုးရှေ့ကပန်းပင်သေးသေးလေးတွေလေ ခယောင်းလုပ်ကြည့်လို့ရလား''
ဦးအောင်မြင့်တို့အခက်တွေ့ရပြီ လုပ်ပါပြောပြန်ရင်လည်းသခင်ရဲ့ဒေါသအောက်သူ့အသက်နဲ့ကိုယ်မြဲနိုင်ပါ့မလား
သက်ပြင်းချရင်းဘေးအလှည့်မျက်လုံးများအရောင်တေယက်သွားရသည်
အကြောင်းမှာ ဧည့်ရိပ်တွင်ထိုင်နေသည့်သခင့်ကိုတွေ့လိုက်ရခြင်းပင်

ဘယ်လိုလုပ်ရမလဲမျက်နှာလေးနှင့်ကြည့်လာသာမို့ ကောင်းကင် သူခေါင်းသာအသာငြိမ့်ပြလိုက်ရသည်
ဘာနေနေအခုချိန်သူ့ကလေးပြောဖို့အဓိကဘဲ သူလဲရှိနေတာဘဲလေ

"မမလေးလုပ်ကြည့်ချင်ရင် အရှေ့ကဟာလေးတွေလုပ်ကြည့်နော်အဒါကမခက်ဘူးကတ်ကြေးလေးနဲ့ဟောဒီလိုလုပ်ပြီးမြေဆွပေးရုံဘဲ''
"ဟုတ်ဦးကြီး''

ခွင့်ပြုချက်ရတာနဲ့တချိုးတည်း ခြံဝန်းတံခါးနားက ၁၂နာရီပန်းများဆီသို့

သီချင်းလေးတညည်းညည်းနဲ့
ပန်းတွေစီအာရုံရောက်နေတုန်း
အရှိန်ပြင်းပြင်းနဲ့မောင်းချလာပြီးအထုတ်တထုတ်ပစ်ချသွားတဲ့ကားကြောင့် မိန်းမပီပီစပ်စုချင်စိတ်ကဒီဂရီမြင့်ကာ အထုတ်ဆိမတဖြေးဖြေးကပ်ရင်းလက်က

တလှုပ်လှုပ်အပင်လုပ်နေတဲ့အူကြူးကိုကြည့်ရင်းခဏမျှကြောင်သွားတာ အထုတ်ဆီလက်ကမ်းနေတဲ့သူ့အသဲအသက်လေးကြောင့်ရှိသမျှအသ်တို့ပြန်ဆွဲကပ်ရင်းပြောလဲပြောပြေးလဲပြေးရင်း

"အူကြူးလေးမထိနဲ့''
သွားပြီ ငါပြောတာနောက်ကျသွားပြီ အသဲအသက်လေးအော်သံကြောင့် အိမ်ထဲက လူတွေပါပြေးထွက်လာရတယ်

အချစ်ကြမ်းကြမ်းWhere stories live. Discover now