ဖန့်ကျင့်ကျိုက်သည် သူ့ခန္ဓာကိုယ်အနှံ့စောင်ကို တင်းကြပ်ထားပြီး သူ့ကိုတိတ်တဆိတ်စောင့်ကြည့်နေသည်။ လက်တစ်ဖက်က မေးစေ့ကိုကိုင်ထားပြီး နောက်လက်တစ်ဖက်က ပေသီးအပေါ်ကိုဆော့ကစားနေတာကြောင့် သူဘာတွေတွေးနေမှန်းမသိချေ။ အချိန်အတော်ကြာပြီးနောက်၊ ပေသီးများမှ ကျယ်လောင်သောအသံထွက်လာရာဖန့်ကျင့်ကျိုက်ထိတ်လန့်သွားခဲ့သည်။

"ရတယ်၊ ငါ ပိုက်ဆံကို ဖယ်လိုက်လို့ရတယ်၊ ဒါပေမယ့် အကျိုးမရှိတဲ့အရောင်းအဝယ် မလုပ်ဖူးဘူး"

လို့ပြောပြီး စုတ်တံကိုကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်မှာရေးလိုက်တယ်။

"မင်းကို ငါပွေ့ဖက်တာကိုခွင့်ပြုရမယ် အဲ့တာဆို မနေ့ညကအဖြစ်အပျက်ကို ဒီတိုင်းထားလိုက်မယ်"

"ပွေ့ဖက်တာ၊ ငါ့ကို ပြန်ပွေ့ဖက်ဖို့ ?"

"မလုပ်ချင်ဘူးလား ?"

ဖန့်ကျင့်ကျိုက်က တိတ်တဆိတ်အံကြိတ်ပြီးရင်း သူ့ဘာသာသူလုပ်လိုက်မိတဲ့အကျိုးဆက်က တကယ်ကိုဆန္ဒမရှိတာတောင်မှ တခြားသူဆီကအသနားခံနေရတယ်။ ဒါပေမယ့် သူလျော်ကြေးငွေ 1 သန်း‌ပေးရမှာကိုစဉ်းစားပြီးတော့ သူ ဆုံးဖြတ်လိုက်တယ်။

"ပွေ့ဖက်ဆိုတော့လဲ ပွေ့ဖက်လိုက်ရုံပေါ့ ဟုတ်တယ် တခါလောက်တော့ လုပ်လိုက်ရုံပေါ့ကွာ၊ အဲ့တာဆိုပြီးပြီ!

ဖုန်ရုန်ချန်က သူ့ခေါင်းကိုမော့ပြီးပြုံးလိုက်ကာ

"ငါ တစ်ခါပဲလို့ပြောခဲ့မိလို့လား ?"

ဆွံ့အသွားတဲ့ ဖန့်ကျင့်ကျိုက်ရှေ့မှာ လက်သီးကိုမြှောက်လိုက်ပြီး လက်ချောင်းလေးတွေကိုမြှောက်လိုက်တယ်။

"ဒါက စာချုပ်ပဲ။"

"ဒီနည်းလမ်းနဲ့ ငါ့ကို အရှုံးပေးအောင်လုပ်လို့မရပါဘူး။"

"ဒီနည်းနဲ့ဆို ငါ့အတွက်အကျိုးရှိလိမ့်မယ်"

ဖန့်ကျင့်ကျိုက်က စကားမပြောမချင်းဒေါသထွက်နေပြီ၊ သူ့မျက်လုံးများက ဖုန်ရုန်ချန်ကိုစိုက်ကြည့်နေပြီးထိုအမူအရာကသူ့ကိုမြိုချချင်နေပုံပေါ်သည်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now