" သူငယ်ချင်းတွေနဲ့ ကိုကို့ကိုတွေ့လို့ သူတို့ကို ပြန်လွှတ်လိုက်ပြီ "

" မင်းဘာသာပဲ .... "

" ကျွန်တော်တစ်ယောက်တည်း ပြန်ရမယ်လို့ ဆိုလိုချင်တာလား "

" ရတယ်လေ ပြီးမှဖေဖေ့ကို ကိုကိုက ကျွန်တော့်ကိုတစ်ယောက်တည်းပြန်လွှတ်လိုက်တယ်လို့ ပြောပြလိုက်မယ် "

" Jay "

ဘယ်လိုမှကို ညှိမရတဲ့အကောင်ပေါက်ကြောင့်သူတကယ်စိတ်ညစ်နေပြီဖြစ်သည်၊ Yuri ကိုလည်း အားနာရ သူတို့နှစ်ယောက်စကားများနေတာကို ထိုင်ကြည့်ခိုင်းနေသလို‌ဖြစ်နေသည်၊ Jongwoo တကယ်ကို မျက်နှာပူလှပါပြီ၊

" ရပြီ ကိုကိုနဲ့မှအတူတူပြန်တော့မယ် ကျွန်တော်လည်း ကိုကိုတို့နဲ့ အတူတူထိုင်ပြီး စောင့်နေမယ်"

Jongwoo ပြဿနာတွေကိုကြိုသတိမထားမိဘဲ ချင်ချင်းစကားပြောင်း‌သွားသောပေါက်စကြောင့် နည်းနည်းစိတ်သက်သာရာရသွားသည်၊ ဒါပေမယ့် သူတို့စကားပြောတာကို ဒီလိုမျိုးထိုင်ကြည့်နေမှာကတော့ နည်းနည်းတစ်မျိုးဖြစ်နေမလားလို့၊ Yuri တော့ဘယ်လို‌နေမလဲ မသိပေမယ့် သူကတော့နေရခက်သလိုပင် တကယ်အဆင်မပြေ

" ကိုကို ကျွန်တော့်အတွက် မုန့်သွားမှာပေး "

" ကိုယ့်ဘာသာသွားမှာလိုက်လို့ မရဘူးလား Jay "

" ကိုကိုနော် "

" အေးပါကွာ Yuri ခဏနော် "

" ရတယ် Oppa အဆင်ပြေတယ် "

တကယ်အရှုတ်ထုတ်လေး Yuri ရှေ့မလို့ပေါ့ ခါတိုင်း Jay သူ့ကိုဒီလိုမျိုးဆက်ဆံရဲလို့လား၊အိမ်ရောက်မှ တွေ့ကြတာပေါ့ Jay Chang ရာခုတော့ သည်းခံရဦးမယ် သည်းခံထား Yoon Jong Woo သည်ခံထား ခဏပဲ၊

" နူးနားကဘယ်ကလဲ၊ ဘယ်မှာနေတာလဲ "

" အလုပ်ရောရှိလား၊ ဘာအလုပ်လုပ်တာလဲ "

" ကိုကိုနဲ့ရောဘယ်လိုသိတာလဲ ဘယ်လိုမျိုးပက်သတ်မှုရှိတာလဲ "

ကိုကိုသွားတာနဲ့ Jay ရှိသမျှပညာအစုံထုတ်သုံးဖို့ကြံတော့သည်၊

TOXIC Where stories live. Discover now