မြစိမ်းရင်ထဲ သနားညံ့သက်ခြင်းများ ဝင်ရောက်လာတော့သည်။ထိုကလေးမသည် ကိုလေး ဒုက္ခရောက်မည်ကိုတော့ လိုလားပုံမရပါ။
အသည်းအသန်ငြင်းထုတ်နေ၏။

မရည်ရွယ်ခဲ့တဲ့အမှားတစ်ခုဆိုပေမဲ့ လွန်ပြီဖြစ်သော် သည်ကလေးမမှာ အားကိုးစရာကိုလေးပဲရှိတော့သည်။ဤသည်ကိုသိသော ကိုလေးက တာဝန်မဲ့လေမည်မဟုတ်ပါ။

" ကိုကိုကြီး မေညို့ဗိုက်ထဲမှာလွယ်ထားရတာ စိမ်းတို့ရဲ့မျိုးဆက်လေးပါ။ကိုကိုကြီး ခုချိန်မှာမှ အိမ်ထောင်ပြုဦးမှာလား။စိမ်းရော...ထားပါ စိမ်းကိုတော့။မငယ်ကလည်း အပူမရှာချင်တဲ့လူပါ။
ပြီးတော့ စိမ်းတို့မျိုးဆက်လေးကို စရိုက်ဆန်တဲ့နေရာတစ်ခုမှာကြီးပျင်းလာဖို့ ကိုကိုကြီးက အလိုရှိနေတာလား "

မြစိမ်း၏စကားထိရောက်ပုံရသည်။
ကိုကိုကြီး၏နီစွေးစွေးမျက်ဝန်းများမှာ အနည်းငယ်အရောင်ဖျော့သွားလေပြီ။

" ဗိုက်ထဲက ကလေးမျက်နှာကြောင့် ငါလက်ခံပေးလိုက်တာ ကိုကိုလေး။မင်းတို့ကို ကြည်ဖြူလို့မဟုတ်ဘူး "

နောက်ဆုံးတွင် ကိုကိုကြီးသည်လည်း စိတ်လျှော့သွားပြီ ဖြစ်သည်။ကိုကိုကြီးသာ မြစိမ်းတို့ဖက်ပါလျှင် ဒေါ်ဒေါ်တို့လည်း ဘာမျှတတ်နိုင်မည်မဟုတ်ပါ။ထိုအခါမှသာ မြစိမ်းရင်ဘတ်ထဲ တစ်နေတဲ့အလုံးကြီးကျသွားသလို ခံစားလိုက်ရသည်။

" ကိုကိုကြီး... "

ကိုလေး၏ခေါ်သံသည်ကား ပကတိတည်ငြိမ်သည်ဟု မဆိုသာ။မျက်နှာတစ်ခုလုံး နီးမြန်းလျက် မျက်ရည်ဝိုင်းနေ၏။မြစိမ်းတစ်သက်တွင် ကိုလေး မျက်ရည်ကျသည်ကို ယခုမှမြင်ဖူးခြင်းဖြစ်သည်။

" ကျွန်တော် ကိုကိုကြီးကို စိတ်ဆင်းရဲအောင်လုပ်မိရင် ခွင့်လွှတ်ပေးပါ "

လက်ဆယ်ဖြာယှက်၍ ရိုကျိုးစွာ ဦးချကန်တော့လာသည့်အခါမှာတော့ ကိုကိုကြီးဟာ ယောက်ျားအရင့်မာကြီးဖြစ်ပါရက်နဲ့ မျက်ရည်များကျတော့သည်။ကိုလေးမှာမူ ပကတိဥပဓိရုပ်မှာ ကြည့်ကောင်းနေ‌ဆဲဖြစ်သည်။

ကိုကိုကြီးသည် သူ့ညီငယ်ကို ညင်သာစွာ ပွေ့ထူပြီး ' ကိုကိုကြီးက ငါ့ညီကို နှမြောလို့ပါကွာ ' ဟု စို့နစ်နေသော ဝမ်းခေါင်းသံကြီးနဲ့ပြောသည်။

စိမ်း ( Green )Where stories live. Discover now