Wen က Giapa ကို သူနဲ့ Alan ကိစ္စပြောပြရင်း တောင်းပန်စကားဆိုတယ်။ သူတို့ ဦးလေး Jim ရဲ့ ကြက်ဆီထမင်းလှည်းနားမှာ ဆုံကြတုန်းက Alan က Wenနဲ့ သူက သူငယ်ချင်းဖြစ်ကြောင်း Giapa ကို ပြောခဲ့တာ။

"ငါတို့၂ယောက်ရဲ့ ပတ်သတ်ခဲ့မှုက မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေလား?"

Wenက သူ့ကို အတည်ကြီး အားနာနေပုံပဲ။ Giapaက ခေါင်းခါလိုက်တယ်။

"ရုတ်တရက်ကြီး ပျောက်သွားသလိုကို မနေ့က ငါ့အိမ်က သူပြန်သွားကတည်းက သူနဲ့ငါ စကားမပြောဖြစ်တော့တာ ငါသူ့ကိုလည်း မမေးချင်တာနဲ့ မင်းကို မေးလိုက်တာ

Giapa က အနည်းငယ်ပြုံးပြတယ်။

"နောက်ပြီး မေးတယ်ဆိုတာကလည်း တစ်ခြား ဘာကြောင့်မှ မဟုတ်ပါဘူး ဒီတိုင်း စပ်စုရုံတင်ပါ"

"ဖုန်းမဆက်ကြည့်ဘူးလား"

"မကိုင်လို့"

"ဒါဆို Bankမှာ အလုပ်များ‌နေပုံပဲ ဒီနေ့က တနင်္လာနေ့လေ မင်းတွေ့ချင်ရင် Bankလိုက်သွားလေ"

အစကတည်းက သူ bank လိုက်သွားဖို့ အစီအစဉ်ရှိပေမယ့် အလုပ်တွေအရမ်းများနေချိန် သူသွားတွေ့လိုက်လို့ Alan စိတ်ညစ်သွားမှာကို သူစိုးရိမ်တယ်။

"သူကအရင်ကတည်းက အဲ့လိုပဲလား? မင်းအဲ့ဒါကြောင့် သူနဲ့ လမ်းခွဲလိုက်တာလား?"

Wen နားမလည်စွာနဲ့ ခေါင်းခါပြလိုက်တယ်။

"မင်းဘာကိုပြောချင်တာလည်းဆိုတာ ငါနားမလည်ပေမယ့် အရင်ကပြောခဲ့ဖူးသလိုပဲ Alan က တကယ့်ကို လူကောင်းပါ"

Wen ပြောတော့ Giapaက သက်ပြင်းချတယ်။

"သူ့စိတ်ထဲမှာ မင်းရှိပါတယ် သူ့အလုပ်တွေ ရှုပ်နေတာက မင်းနဲ့ခဏဝေးစေရုံပါ"

Wen က စကားကို ဆက်ပြောလာတယ်။

"မင်းခုနက ပြောတာက ငါတို့ရဲ့ ဆက်ဆံရေး ပြတ်စဲမှုနဲ့ပတ်သတ်ပြီးဆိုရင်တော့ Alan မကောင်းလို့မဟုတ်ဘူးနော် သူနဲ့ငါနဲ့ လမ်းခွဲဖြစ်ခဲ့တာက အသက်အရွယ်ရလာတာနဲ့အမျှ ၂ယောက်သွားချင်တဲ့လမ်းကြောင်း မတူတာရယ် တစ်ခြား အဆင်မပြေမှုတွေရယ်ကြောင့် လမ်းခွဲလိုက်ရုံပဲ"

Moonlight Chicken Alan&Giapa Side StoryWhere stories live. Discover now