"နှိုင်း .... နှိုင်း.... ဟေ့ကောင် နွေတုနှိုင်း"

"ဟမ် ... ဘာလဲ"

သူငယ်ချင်းဖြစ်သူ မင်းတေဇထွန်းရဲ့ ခေါ်သံက အတွေးထဲပါ ရောက်လာ၍ ‌အတွေးတို့ လွင့်ပြယ်သွားသည်။

"နှိုင်း... သွားမယ် စိတ်ဖိစီးမှုလေး သွားလျှော့ချရအောင်"

"ငါမလိုက်တော့ဘူးကွာ။ဦးနေ ပြန်လာတော့မယ်တဲ့ ငါ့အပြုအမူတွေ ဆင်ခြင်မှ ဖြစ်မှာ"

"ဘာလဲကွာ မင်းအဖေ ပြန်လာတော့မှာမို့လို့ မင်းက လူလိမ္မာလေး လုပ်တော့မယ်ပေါ့"

"မင်းလည်း သိတဲ့အတိုင်း အဲ့လူကြီးက ငါ့ အပြစ်ကို ကြံဖန်ရှာပြီး အပြစ်ပေးမယ်ချည်း လုပ်နေတာ။တော်ပြီ ငါ မလိုက်တော့ဘူး"

"မင်းကလည်းကွာ မင်းအဖေက ဘယ်လိုသိမှာလဲ။အခုချက်ချင်း ရောက်နေပြီမို့လို့လား။ရောက်နေရင်တောင် မင်းအဖေက သူဌေးလေ သူ့အလုပ်နဲ့သူ ရှုပ်နေမှာ။အေးဆေးပေါ့ကွာ...လိုက်ခဲ့။မင်းလည်း စိတ်ရှုပ်နေတာကို"

"ဟုတ်ပြီ ငါ့စာအုပ်တွေ သိမ်းကူအုံး"

"စာအုပ်တွေက အကုန်ထုတ်ထားသေးတယ် ဘာစာမှ လိုက်လုပ်တာလည်း မဟုတ်ဘဲနဲ့"

"ချီးပဲ တေဇ မင်းရဲ့လျှာက ရှည်ကို ရှည်လွန်းတယ်"

တေဇနဲ့ နှိုင်းတို့က ငယ်ငယ်ကတည်းက အိမ်နီးနားချင်း သူငယ်ချင်းတွေမို့ နှစ်ဖက်အိမ်ကို အပြန်အလှန် ဝင်ထွက်နေကျ။ဒါ့အပြင် ဦးနေက တေဇရဲ့မိဘလုပ်ငန်းမှာလည်း ရှယ်ယာဝင်ထားသည်မို့ နှစ်ဖက်အိမ်ရင်းနှီးမှုက အခြားသူတွေထက် ပိုသည်။

ကျောင်းရဲ့ နေ့လည်ပိုင်းအချိန်တွေဆို အရက်သောက်လိုက်၊ဆေးလိပ်သောက်လိုက်နဲ့ ကျောင်းပျက်နေကျ။အနံ့ပျောက်အောင်လည်း လုပ်ရသေးသည်မို့ အိမ်ပြန်တာလည်း နောက်ကျနေကျ။နှိုင်းကတော့ အိမ်မှာ လွတ်လွတ်လပ်လပ် ရှိသည်မို့ ကိစ္စမရှိခဲ့ပါ။တေဇကတော့ ‌မိဘတွေကလည်း ပြောမနိုင်၊ဆိုမနိုင် မို့ လွှတ်ထားရသည်။

နှိုင်းအိမ်ပြန်ရောက်‌တော့ အိမ်တံခါးတွေက ပိတ်ထားသည်။အချိန်ကို ကြည့်လိုက်တော့ ၇နာရီခွဲသာ ရှိသေးသည်။

Modest LoveWhere stories live. Discover now