"ဒါပြီးရင် ပြီးပါပြီ အစ်ကိုရဲ့...။ မဟုတ်ရင်... အမေက ချက်နေရမှာပေါ့... ငရဲကြီးလိမ့်မယ်...။"
သူကိုင်ထားသည့် သစ်သားယောင်းမလေးကို နံဘေးသို့ ချကာ... သူ့ဘေးနားက လက်သုတ်ပုဝါလေးဖြင့် သူ့လက်ကို သုတ်ရင်း ပြောလာသည်။ အပြုံးနုနုလေးဖြင့် လူပျိုဘဝကတည်းက ရူးသွပ်လာခဲ့သည့် ဒီအလှလေးက ကျုပ်ရဲ့ အရွယ်သုံးပါးလုံး သူ့ကို ရူးလို့တောင် မဝနိုင်လောက်တော့....။
"ပျိုးငယ်... သွား...
ရေချိုးတော့..."တစ်ခွန်းတည်း ပြောလိုက်ပေမယ့် အခုနောက်ပိုင်း အလှလေးက ကျွန်တော့်စကားကို အရင်လို ကြောက်ရွံ့တာမျိုး မဟုတ်တော့...။ တကယ်စိတ်တိုနေရင်တော့ နားထောင်တတ်ပြီး နည်းနည်း လေသံtoneက ပျော့ရင်တော့ သူ့ဘက်က ယူဆချက်ကိုပါ ပြောတတ်သေးတာ....။
"ပြီးပါပြီ... အစ်ကိုရယ်... ခဏလေး...။ ဒါပြီးရင် ရေချိုးမယ်လို့...."
ကျွန်တော့်ကို ပြုံးကာပြောပြီးသည်နှင့် နံဘေးမှ သစ်သားထိုင်ခုံပေါ် ထိုင်လိုက်ပြီး စားပွဲပေါ်က ဟင်းရွက်တစ်ချို့ကို စိတ်နွှာဖို့ လုပ်နေသေးတာ....။ ကြာတော့ စကားနားမထောင်သည့် ဒီအလှလေးကို စိတ်မရှည်တော့....
"ပျိုးငယ်...
ရေချိုးတော့...."ထို့နောက် ပျိုးငယ်က မော့ကြည့်လာပြီး လက်ထဲမှ အရွက်ကို မချနိုင်သေးဘဲ ရှိနေပြီ။ စိတ်က လုံးဝ ရှည်မလာတော့သည်မို့...။
"ပျိုးငယ်...
မင်း ယောကျာ်းက... မင်းကို ပြောနေတာဟ!
မင်းယောကျ်ား ငါက မင်းကို ပြောနေတာ....။"အစ်ကို့အသံက အတော်လေး ကျယ်သွားသည်မို့ အိမ်အောက်မှ အရီးလေးရီကို ကူလုပ်ပေးနေသည့် လူတစ်ချို့က ကြည့်လာသည်။ ကျွန်တော်က အစ်ကို့ကို ကြည့်ပြီး ပြောဖို့ ပြင်လိုက်ပေမယ့် အစ်ကိုက စားပွဲဘေးမှာ ထိုင်နေသည့် ကျွန်တော့်ကို ဇွတ်ပွေ့ချီထုတ်လိုက်တာမို့.....။
ကျွန်တော်လည်း အိမ်အောက်မှ လူများကို တစ်ချက်ကြည့်လိုက်ကာ အစ်ကို့ပွေ့ချီမှုမှ အနည်းငယ် ရုန်းကန်လိုက်ပြီး....
"အိမ်အောက်မှာ လူတွေ ရှိတယ် အစ်ကို...။"
"ရှိရှိလေ.... မင်း ငါပြောတုန်းက နားထောင်လို့လား..?"
အပိုင်း (၃)
Start from the beginning