"မနက်အစောကြီး မင်း ဘာတွေအော်နေတာလဲ ?"

ထိုလူကလှည့်ကြည့်လိုက်ပြီးတော့ သူ့ကြည့်ရတာ အရမ်းပင်ပန်းနေပုံရကာ အသံကအက်ကွဲနေသည်။

"ဖုန်၊ ဖုန်၊ ဖုန်........"

စောင်ကိုကိုင်ကာထောင့်သို့ရွှေ့ကာ သူ့ရှေ့မှလူကိုမတည်မငြိမ်ညွှန်ပြရင်း လျှာကိုအကြာကြီးချည်နှောင်ခံထားရသကဲ့သို့ ဘာပြောချင်မှန်းမသိသေးပေ။

အဲဒီလူက မျက်ခုံးပင့်လာတယ်။

"မင်းကို ကြည့်ရတာ ဘာကြောင့်သရဲတစ္ဆေမြင်လိုက်ရတာနဲ့တူနေတာလဲ ?"

ဖန်ကျင့်ကျိုက်နောက်ဆုံးတော့ လန့်နိုးလာတယ်၊

"ဖုန်, ရုန်, ချန် ! မင်း၊ မင်း၊ မင်းက ဘာလို့ ဒီမှာရှိနေတာလဲ ?"

ဖုန်ရုန်ချန်က သူ့ကို မော့ကြည့်လိုက်သည်၊

"ဒီတော့ ဘယ်သူက ဒီမှာရှိနေမယ်လို့ထင်လဲ ?"

ပြောနေရင်းနဲ့ ခန္ဓာကိုယ်ကို သက်သေပြဖို့စောင်ကို လှန်လိုက်တယ်။

ထို့နောက် ဖန့်ကျင့်ကျိုက်၏အကြည့်သည် ရုန်ချန် ၏ခွကြားကိုစိုက်ကြည့်ရင်း ...... ရှုပ်ယှက်ခက်သွားကာ သူ နောက်တစ်ကြိမ်သတိရလာသည်။

ဒါ အိပ်မက်မဟုတ်ဘူး!

သူ့ကို မိုယုလို့တောင် အထင်မှားရတယ်လို့ ဖန်ကျင့်ကျိုက်ရေ ဖန်ကျင့်ကျိုက်၊ ဝက်တွေတောင်မှ ကိုယ့်သားသမီးကိုခွဲခြားနိုင်တယ်၊ ဒီလူနှစ်ယောက်ကိုအထင်မှားပြိးအသိအမှတ်ပြုမိတာ မင်းတကယ်မှားနေပြီ.......အိုက်ရား ! အခုအချိန်က စဉ်းစားရမယ့်အချိန်မဟုတ်သေးဘူး၊ အရေးကြီးဆုံးက ဒီအချိန်မှာ ဘာလုပ်ရမလဲ ?

မူးပြီး ဘာဖြစ်သွားမှန်းမသိခဲ့ဘူးလို့ပဲ ပြောလိုက်ရင်.... တစ္ဆေကပဲယုံလိမ့်မယ်.. ဒီတော့ သူ့ကို မူးပြီး မိုယုလို့ အထင်မှားသွားတယ်ပဲပြောလိုက်စမ်းပါ....။  ဒါလည်းအလုပ်ဖြစ်မှာမဟုတ်ဘူး။ ဖုန်ရုန်ချန်က သူကိုယ်သူယောက်ျားပြည့်တန်ဆာနဲ့ မတူနိုင်မှန်းသိရင် သူပဲ ရယ်စရာဖြစ်လိမ့်မည်။

ဖန်ကျင့်ကျိုက်သည် စောင်ကိုကိုင်ပြီး သူ့စိတ်ထဲတွင် အကြောင်းပြချက်တစ်ခုရှာရန်ကြိုးစားသော် လည်း ဖုန်ရုန်ချန်သည် ထူးထူးခြားခြားငြိမ်သက်နေပုံရပြီး ၎င်း၏အောက်ပိုင်းကို ရိုးရိုးရှင်းရှင်းသုတ်ပြီးနောက် အဝတ်အစားဝတ်ကာ စာရွက်နှင့်စုတ်တံကို ယူရန်စားပွဲထိုးကိုခေါ်လိုက်သည်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now