5 : Babyကပြောတယ် အင်းတဲ့

ابدأ من البداية
                                    

"" အပိုတွေ ""

ထိုအချိန်မှာပဲ ယူဂျင်းဗိုက်ထဲကနေ 'ဂွီ'ခနဲမြည်လာခဲ့တာကြောင့် ဂယူဗင်း ဆက်ပြောဖို့ပြင်နေ‌တဲ့စကားတွေကိုမျိုချလိုက်ရပြီး စကားလမ်းကြောင်းပြောင်းလိုက်ရသည်။

"" ဟုတ်သားပဲ ကိုယ်တို့နှစ်ယောက်အခုထိဘာမှမစားရသေးဘူးနော် ဟိုရှေ့ကဆိုင်မှာတစ်ခုခုသွားစားကြမလား ""

"" ကျွန်တော့်မှာပိုက်ဆံမပါဘူး ""

"" ကိုယ်ဝယ်ကျွေးမှာပေါ့
လာပါ တစ်ခုခုသွားစားရအောင် ""

ပခုံးကနေဆွဲဖက်ကာ ခေါ်လိုက်တော့မှ
ယူဂျင်းက အလိုက်သင့်လေးပါလာတော့သည်။

"" အင့်.. Babyကြိုက်တဲ့ဖက်ထုပ် ""

သို့ရာတွင် ယူဂျင်းက ဂယူဗင်းထည့်ပေးလာတဲ့ဖက်ထုပ်လေးကို တူနဲ့ ချက်ချင်းကောက်ညှပ်လိုက်ကာ ဂယူဗင်းပန်းကန်ထဲပြန်ထည့်ပေးလာပါသည်။

"" ကိုယ့်ဘာသာစား ""

"" ဘာလို့မစားတာလဲ
Babyကြိုက်တယ်မဟုတ်ဘူးလား ""

"" ကြိုက်ပေမဲ့ ကျွန်တော်အခု
စီနီယာ့ကိုစိတ်ဆိုးနေတာလေ ""

ယူဂျင်းရဲ့ စိတ်ထဲမှာရှိတဲ့အတိုင်း ဖြေလာပုံလေးက အသည်းယားစရာကောင်းလွန်းတာကြောင့် ဂယူဗင်း သဘောတွေကျပြီး
တခစ်ခစ်ရယ်မိတော့သည်။

သို့ပေမဲ့...

"" စီနီယာ ဘာလို့ရယ်နေတာလဲ
ကျွန်တော်စိတ်ဆိုးတာကိုပျော်နေတာလား ""

ဆိုတဲ့ ယူဂျင်းစကားအဆုံးမှာတော့
ဂယူဗင်း ချက်ချင်းမျက်နှာပိုးသတ်လိုက်ရသည်။

"" အဲ့လိုမဟုတ်ပါဘူး.. ""

ဂယူဗင်းရုပ်တည်နဲ့ငြင်းလိုက်ပေမဲ့
ယူဂျင်းက သူ့ကို မယုံသလိုနဲ့ မျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်နေတုန်းပင်။

"" ချစ်စရာကောင်းလွန်းလို့ရူးတော့မှာပဲ ""

ထိုအခါမှ ယူဂျင်းမျက်နှာလေး ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ တဆက်တည်းမှာပဲ ဂယူဗင်းဆွဲညှစ်နေကျပါးအိအိလေးက ခရမ်းချဉ်သီးလေးလိုရဲတက်လာလေသည်။

Dearest : Baby Yujinnie حيث تعيش القصص. اكتشف الآن