ရှီရှန်းကျင်းက ဘာမှမပြောဘဲ ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ခေါင်းပြန်လှည့်သွားသည်။ 

“ရှီချီ မင်း တောင့်ခံနိုင်လား”

ရှီချီက ခပ်မြန်မြန် ခေါင်းညိတ်သည်။ ဒါပေါ့။ သူ တောင့်ခံနိုင်တာပေါ့။ သူအရင်က ဒီလိုဆိုးရွားတဲ့ လမ်းအခြေအနေမျိုးကို မခံစားဖူးတာမှ မဟုတ်တာ။ သူ ကြိမ်ဖန်များစွာ လျှောက်ခဲ့ဖူးတယ်။ ဒါက သူ့အတွက် ပြဿနာကြီးမှ မဟုတ်တာ။ ထိုသို့ တွေးမိသောအခါ သူ၏ဒီဘဝအကြောင်း ပြန်သတိရသွားသည်။ လီချွမ်၏စကားများဟာ သူ့နားအတွင်း ရှိနေသေးသည်။ 

ထိုလမ်းဘေးတစ္ဆေတစ်ကောင်ကသာ မတည်ရှိခဲ့လျှင် သူက မည်သို့သော ဘဝမျိုးတွင် နေရမည်မှန်ပင် မသေချာပေ။ သူ၏ယခင်နေရာသို့ ဖိအားပေးကာ ပြန်သွားရခြင်း သို့မဟုတ် ရှီချုံး၏ အထင်သေးရှုံ့ချ ခံရခြင်းမျိုးပင် ဖြစ်နိုင်သည်။ 

ထိုလမ်းဘေးတစ္ဆေက သူ၏ပထမဦးဆုံး တစ္ဆေများနှင့် ပက်သတ်ဆက်နွယ်မှုထဲမှ တစ်ခု ဖြစ်ခဲ့သည်။ သူ၏ ပြောင်မြောက်သော စွမ်းရည်ကိုလည်း သူ၏ဦးလေးဖြစ်သူကိုလည်း သူက ပြသနိုင်ခဲ့ပြီး သူ၏ ထူးခြားသော ယင်ယန်မျက်လုံးများကို ထုတ်ပြနိုင်ခဲ့သည်။ 

သူကသာ ထိုမျက်လုံးကို မဖွင့်နိုင်ခဲ့လျှင် ဖြစ်နိုင်တာက သူ အရင်လိုပဲ ဆက်လက်ပြီး ခွဲခြားခံနေရလောက် သေးလေသည်။...

သူ ရှီမိသားစုသို့ ရောက်ကာစ အစောပိုင်းရက်များတွင် မည်သို့ဆက်ဆံခံခဲ့ရကြောင်း သူက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူ၏ ဦးလေးဖြစ်သူ၏ သူ့အပေါ် ဆက်ဆံပုံကပင် ယခုနှင့် အပြည့်အဝ ကွာခြားခဲ့သည်။ 

မနေ့ညက သူ့အဘွားအကြောင်း ပြန်တွေးမိတော့ တကယ်ကို ပျော်နေတဲ့ပုံပါပဲ..

ရှီချီ၏နှုတ်ခမ်းများက ကော့တက်သွားပြီး အကြည့်ကလည်း လျင်မြန်စွာ ကျော်ဖြတ်ခံနေရသည့် သစ်ပင်များထံ ရောက်သွားသည်။ အစိမ်းရောင်အခင်းကို မဆုံးနိုင်အောင် မြင်နေရခြင်းက သူ၏စိတ်ကို ငြိမ်းအေးစေသည်။ ကားဟာ အမှန်တကယ်ကို ယမ်းခါနေတော့သည်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now