"Baby... အရမ်းကြီး မစဉ်းစားနဲ့နော်"

"အင်းပါ၊ သူ့ကိုစောင့်ရှောက်ဖို့သာလူလွှတ်ထားလိုက်၊ နောက်ဆုံးကျတော့လဲ သူကကျွန်တော့်ကို ၁၀နှစ်ကျော်ကျွေးမွေးလာခဲ့တာပဲလေ"

ရှန်ယွီရှန်း သည် ကလေးလေး၏ နဖူးကို မြတ်နိုးစွာ နမ်းလိုက်ပြီးဆို၏။

"စိတ်မပူပါနဲ့၊ ဘာပြသနာမှမဖြစ်လောက်ပါဘူး" 

ဟယ့်ချန်းနင် သည်သူ့အပေါ်အပြစ်ပြုဖူးသူများအား 'အလွယ်တကူခွင့်လွှတ်၍မေ့ပစ်နိုင်သော' လူတစ်ယောက်ပင်ဖြစ်ချေသည်။ သူ့ထင်မြင်ချက်အရ ယင်ကျိနျန် သည် သူ၏လက်စားချေခြင်းခံရပြီးချေပြီ။ နောက်ဆုံးမှာတော့ သူ့ရဲ့မိသားစုလဲတစ်စစီဆွဲဖြဲခံလိုက်သည်မို့ ထိုသို့သော ပြစ်ဒဏ်သည် လုံလောက်သည်ပင်။

"ဟယ့်မိသားစုက လူတွေအတွက်ရော ခင်ဗျားဘယ်လိုစီစဉ်ထားလဲ?"

ဟယ့်ချန်းနင် အနည်းငယ်ပြုံးလိုက်သည်။ ကောင်လေးက ကိုယ်ဝန်ရပြီးနောက်ပိုင်း အသားအရေက အရင်ကထက် ပိုချောလာကာ နွေးထွေးသော နေရောင်ခြည်သည် နူးညံ့ပြီး ချစ်စဖွယ် တောက်ပနေသော သူ့မျက်နှာပေါ်သို့ ဖြာကျလာသည်။  ကိုယ်ဝန်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို တချို့အရာတွေကိုသူ ရှည်ရှည်ဝေးဝေးမတွေးတတ်တော့ချေ။

"ကျွန်တော်သူတို့ကိုမတွေ့ချင်ဘူး... ကျွန်တော့် အမေက ဟယ့်မိသားစုဝင်မဟုတ်တော့တဲ့အတွက် အဲဒါက ကျွန်တော့်အတွက် သိပ်အဓိပ္ပာယ်မရှိဘူး၊ အဲ့တာကြောင့် သူတို့နဲ့မတွေ့တာ အကောင်းဆုံးပဲ၊ ပြီးတော့လဲအခုလဲ ကျွန်တော်ဘယ်သူ့ကိုမှ မတွေ့ချင်သေးဘူး"

သူ၏ပူဖောင်းဖောင်းဗိုက်လေးကိုပွတ်သပ်ရင်း ချန်းနင်ကဆိုသည်။

"ကျွန်တော်မွေးဖို့ သုံးလတောင် ကျန်သေးတယ်၊ ဒီကာလမှာ ကျွန်တော်တို့ရဲ့ကလေးတွေကို ထိခိုက်စေနိုင်တဲ့ မတော်တဆမှုတွေ မဖြစ်စေချင်ဘူး။"

"ကောင်းပါပြီကွာ... အားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်။"

သူသည် ဟယ့်ချန်းနင် ၏ ဗိုက်ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ ကျန်လက်တစ်ဖက်ဖြင့် ခေါင်းကိုထိန်းရင်း နှုတ်ခမ်းကို လေးလေးနက်နက် နမ်းရှိုက် ကိုက်ခဲလိုက်မိတော့သည်။

ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည် [ဘာသာပြန်]Where stories live. Discover now