သို့သော်လည်း ကုဟွိုက်၏ ဆွဲဆောင်မှုအားက အလွန်ကောင်းသည်။ အဆင့်မြင့်ဇက်များက ငွေရောင်ဆံပင်နှင့်ဇက်၏ လက်မောင်းပေါ်တွင်ရှိနေသောလူငယ်လေးထံသို့ အာရုံမရောက်ခင် ခဏတာခန့် အံ့ဩသွားခဲ့ကြသည်။

အနက်ရောင်ဆံနွယ်များက အလွန်နူးညံ့ပုံရပြီး အနည်းငယ်ရှုပ်ထွေးနေသည်။ ဘေးတိုက်ကြည့်လျှင်ပင်အဖြူရောင်ပါးပြင်ပေါ်သို့ ညင်သာစွာတင်ရှိနေသည်။ လူငယ်လေး၏မျက်ခွံက အောက်ကျနေပြီး မျက်တောင်ရှည်များက ငြိမ်သက်နေသည်။ သူတို့၏ဘုရင်ကတော့ ပုံစံကွဲပြားစွာရှိနေသည်။ ထိုလူငယ်လေးက မည်သည့်လူမျိုးစုဖြစ်ကြောင်းကိုအဆင့်မြင့်ဇက်များက မမြင်နိုင်ပေ။

သူတို့၏အသားအရေက အေးမြဖြူဝင်းပြီး အလွန်အမင်းကာကွယ်နိုင်စွမ်းရှိသည်။ သာမာန်ရောင်ခြည်တန်းလက်နက်လေးက သူတို့ကို ဒဏ်ရာအသေးလေးသာရနိုင်သည်။ ထိုအချိန်တွင် ဤလူငယ်လေးရဲ့ အသားအရေက မတူညီကွဲပြားသောအဖြူရောင်ပုံစံရှိနေပြီး အမြင်အားဖြင့်ကြည့်လျှင် ဒဏ်ရာဒဏ်ချက်များကို ခုခံနိုင်စွမ်းမရှိသည့်ပုံပေါ်သည်။ အပေါ်ပိုင်းကတော့ အခြေခံအကဲဖြတ်မှုသာဖြစ်၏။ ထိုအချိန်တွင် အဆင့်မြင့်ဇက်ရဲ့ အကြောင်းပြချက်မရှိတဲ့ခံစားချက်များမှာတော့:

ဘုရင်က… အရမ်းချစ်စရာကောင်းနေတယ်…

နူးညံ့သည့်အနက်ရောင်ဆံပင်လေးသည် ချစ်စရာကောင်းပြီး ငြိမ်သက်စွာအိပ်နေပုံလေးကလည်း ချစ်စရာကောင်းကာ အနည်းငယ်မြင့်နေတဲ့မျက်တောင်လေးများက အလွန်တရာမှချစ်စရာ ကောင်းပေသည်။ သူတို့ပိုကြည့်လေလေ ဇက်များ၏မျက်လုံးများက ပို၍တောက်ပလာလေလေဖြစ်သည်။ တောက်ပမှုက သေးငယ်သောနေလုံးနှင့်တူသည်။

“ခေါင်းဆောင် ကျွန်တော်တို့ ဘုရင်ကို ဒီနေရာကနေ ခေါ်သွားကြမလား...”
အဆင့်မြင့်ဇက်က စိတ်လှုပ်ရှားစွာဖြင့်ပြောသည်။

လက်ထောက်အယ်လ်ဂျာက အလ်ဗ်ပြန်မပြောခင် ရှေ့တစ်လှမ်းတိုးလိုက်သည်။
“ဘုရင်က ဒီလိုထူးဆန်းတဲ့နေရာမှာနိုးလာမယ်ဆိုရင် ကြောက်နေလိမ့်မယ် ကျွန်တော်တို့ ဘုရင်နိုးလာဖို့ အရင်ဆုံးစောင့်သင့်တယ်ထင်တယ်...”

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Where stories live. Discover now