နင်မုန့်က သူ၏ပါးကို အချိန်အတန်ကြာ ဆွဲညစ်လိုက်ပြီးမှသာ သူမ၏လျော့ရဲနေသော လက်များကို ထိန်းလိုက်နိုင်သည်။ ထို့နောက် သနားစရာကောင်းအောင် သရုပ်ဆောင်ပြီး ပြောလိုက်သည်။ 

“ဟူး.. အဘွားက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက လူတစ်ယောက်က လျစ်လျူရှုထားတာနဲ့ စားချင်သောက်ချင် စိတ်တွေ မရှိဘဲ ခံတွင်းပျက်နေခဲ့တာ”

သူမက မျက်ဝန်းထောင့်မှတစ်ဆင့် သူ့ကို ကြည့်သည်။ 

ရှီချီ “…”

နင်မုန့်အရင်က ဖရဲစေ့တွေ ထိုင်စားနေတာ သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့တာပါ။ လီချွမ်တောင်မှ အကြိမ်အနည်းငယ် ဝယ်လာပေးခဲ့သေးတယ်။ သူ ပြန်ရောက်လာတဲ့ အကြိမ်တိုင်း အိတ်လိုက်ကြီး ပါလာတာပါ။ 

သို့ရာတွင် သူမ၏ ငိုနေသည့် အချိန်ကို ပြန်တွေးမိသွားသည့်အခါ…

ရှီချီဟာ မျက်မှောင်ကြုတ်သည်။ သူ၏ မျက်နှာလေးက ဖက်ထုပ်လေးအလား ရှုံ့မဲ့သွားသည်။ 

ဒီအိမ်ခြေရာမဲ့သရဲက သူ့အပေါ် ကြင်နာပေးပြီး ဒုက္ခပေးတာမျိုးလည်း မရှိဘူး။ သူမက ဘဝအတွေ့အကြုံ လိုချင်တာမျိုးလည်း ဖြစ်နိုင်တယ်။ 

ထိုအခြင်းအရာကို တွေးမိသည့်အခါ သူက ရုတ်တရက် နားလည်သွားသည်။ ထိုသရဲတွင် ရည်ရွယ်ချက်ကောင်း ရှိသမျှ ကာလပတ်လုံး သူက ကြောက်နေစရာ မရှိပေ။ ထို့ကြောင့် ရုတ်တရက် ပြောလိုက်သည်။ 

“အဘွား.. ကျွန်တော် မှားပါတယ်”

နင်မုန့်က သက်ပြင်းချ ဟန်ဆောင်နေဆဲ ရှိသေးသည်။ ထိုသို့ အချိန်တွင်ပင် သူ၏ စကားများကို ကြားလိုက်ရသည်။ သူမက သူ့ကို တစ်ဖန် ကြည့်လိုက်ချိန်တွင် သူ၏ သနားစဖွယ် သွင်ပြင်လေးကို မြင်လိုက်ပြီး ခေါင်းကို ပွတ်လိုက်မိတော့သည်။ သေချာစွာပင် ကောင်ငယ်လေး၏ ဆံပင်များက နူးညံ့နေပြီး မြွေပါ၏အမွေးကို ပွတ်သပ်ရသည်ထက် ပိုကောင်းသည်။ သူမက အတွေးနှင့်အတူ ပြုံးလိုက်သည်။ သူမ၏မျက်ဝန်းများက မှေးကျဉ်းသွားပြီး အဟငယ်လေးသာ ပေါ်တော့သည်။ သို့ရာတွင် ရှီချီ၏အမြင်တွင်မူ ပုံသဏ္ဌာန်က ကွာခြားနေသည်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now