သူ့မရဲ့ အသဲက တဖြေးဖြေး တိုးညှင်းသွားပေမဲ့ ထယ်ယောင်းနားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်...
"ဟင့်အင်!....ဟင့်အင်!!....မဟုတ်ဘူး.. ညာနေတာ...အားလုံးညာနေတာ...လူညာတွေ!..."
" ထယ်~..ထယ်ယောင်း..."
ယွန်ဂီတို့လည်း...ထယ်ယောင်းရဲ့သွေးပျက်နေတဲ့ ပုံစံကို ကြည့်ပြီး...ငိုနေမိ၏။ဂျီမင်တို့လည်း...ရှိုက်ကြီးတငင်ငိုနေကြသည်။
"ယွန်ဂီ...ချစ်က...မသေပါဘူး...အိပ်ပျော်နေဝာာကွ..အဲ့ဒါကို အဲ့လူကြီးက..ညာနေတာ...မင်းတို့သိလား...ငါ့....ငါ့ကို စိတ်စိုးနေလို့...အိပ်ချင်ယောင်ဆောင်နေတာ...ငါ..ငါချော့ရမှာပေါ့...ငယ်..ငယ်ငယ်တုန်းကလို...စတော်ဘယ်ရီ ချိုချဉ်လေးကျွေးပြီး..ချော့ရမှာ...ငါ့ကို ချိုချဉ်လေး သွားဝယ်ပေးပါနော်....ငါ့ ခြေထောက်တွေက လမ်းလျှောက်လို့မရသေးလို့ပါ....သွား....အင့်...သွားဝယ်ပေးပါ....ဟင့်!.... "
ပြောရင်းပြောရင်း ငိုသံတွေပါကာ...အသံတိုးသွားတဲ့ ထယ်ယောင်း....
"ထယ်ယောင်းရာ~...စိတ်ထိန်းပါအုံးကွာ..အမှန်တရားကို လက်ခံမှ ပေါ့..မင်း...မင်းယုန်ပေါက်လေးက အသက်မရှိတော့ဘူး..."
ယွန်ဂီလည်း...ညီငယ်လေးတစ်ယောက်လို ချစ်တဲ့သူမို့ ခံစားရပေမဲ့ အမှန်ကို သူတို့ လက်ခံရမည် ။ဒါကြောင့် ထယ်ယောင်းကို ဖြောင်းဖျနေရ၏။
"မဟုတ်ဘူး!....မပြောပါနဲ့....မကြားချင်ဘူး!....ယုန်ပေါက်လေး...ပြန်လာခဲ့ပါ...မအိပ်ပါနဲ့တော့...ကိုယ့်ဆီပြန်လာခဲ့ပါ... ကိုယ် မင်းကို ဖွင့်ပြောရအုံးမှာလေ....ကိုယ်က ယုန်ပေါက်လေးကို အရမ်းချစ်တာ....ကိုယ့်ရဲ့ တလွှဲစိန်လေးကို အရမ်းချစ်တာလို့....ထား...အင့်....ထားမသွားပါနဲ့....ကိုယ်ရူးနေပြီ...ချစ်ရဲ့..."
ထယ်ယောင်းမှန်မျက်နှာပြင်နဲ့ ပါးကိုကပ်ပြီး အထဲက ငြိမ်သက်နေတဲ့ ဂျောင်ဂု ကိုယ်လေးကို ကြည့်ပြီး ငိုကာ ပြောနေတာကြောင့်...နမ်ဂျွန်းတို့ ပိုပြီးကြေကွဲရသည်။
"သား...သားငယ်....မားရဲ့ သားငယ်လေး...မားဆီ ပြန်လာခဲ့ပါ...မားကို မထားခဲ့ပါနဲ့...မား..ကို ချွဲအုံးလေ...သားကြိုက်တဲ့ ပီဇာနဲ့ ငှက်ပျောသီးဖျော်ရည်လုပ်ပေးမယ်...မားသားလေးက စားရအုံးမယ်လေ....မား....မား....အီးးးး...သားကြီး...သားငယ်လေးကို ခေါ်ပေးပါအုံး..."
Part -30
Start from the beginning