" ကျွန်တော်ပြောတာ ကိုကို့လက်က တက်တူးက လှတယ်လို့ "
" အဟမ်း မင်းလာတာ ဘာကိစ္စလဲ ပြောစရာရှိတာပြောပြီး မြန်မြန်ပြန် "
" ညကျရင် ဖေဖေက ကိုကို့ကို သူ့အခန်းထဲ လာဖို့ပြောခိုင်းလိုက်လို့ "
" ဒါပဲမလား သွားတော့ "
" ဒါဆို ကျွန်တော်သွားတော့မယ်ကိုကို "
ပေါက်စအခန်းထဲက ထွက်သွားမှ Jongwoo လေပူများကို မှုတ်ထုတ်လိုက်တော့တယ်၊ အခုမှ သူ့စိတ်တွေ အနည်းငယ်ပေါ့ပါးသွားသလိုပင်၊
ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ စားပွဲပေါ်မှာတင်ထားသော ပန်းအိုးလေးကိုတွေ့လိုက်ရသည်၊
" နှင်းဆီပန်းက ဘာလို့ပန်းရောင်လဲ "
" တစ်စက်မှ မလှဘူး "
Jongwoo တစ်ယောက်ထဲရေရွတ်ကာ ရေချိုးခန်းထဲကို သွားလိုက်ပါတော့သည်၊
ညရောက်တော့ Daddy ဆီသူသွားလိုက်ပါသည်၊ သူ့ကိုဘာတွေပွားဦးမလို့လဲ သူမသိ၊ သေချာတာကတော့ နားညီးဦးမယ်ဆိုတာကိုပင်၊
" Daddy "
" ဝင်ခဲ့ "
သက်ပြင်းတစ်ချက်ချပြီး Daddy အခန်းထဲကိုဝင်လိုက်ပါတော့သည်၊
" Yoon Jong Woo မင်းကိုတက်တူးထိုးဖို့ ဘယ်သူက ခွင့်ပြုပေးထားလို့လဲ "
Jongwoo အခန်းထဲဝင်လာလိုက်တာနဲ့ Daddy ရဲ့ဒေါသသံကို ကြားလိုက်ရသည်၊ ပြဿနာအကြီးကြီး တက်ပါပြီ ဘယ်လိုလုပ် Daddy ကသိသွားရတာလဲ၊ သူထင်တာ မလွဲဘူးဆိုလျှင် အဖြေကပေါက်စလက်ချက်ကလွဲရင် မဖြစ်နိုင်၊
ဒီကောင်လေး သူ့ကိစ္စမဟုတ်ဘဲ ဘာလို့ဝင်ပါနေရတာလဲ တကယ်ကိုစိတ်ပျက်မိပါသည်၊ အသက်တွေလည်း ငယ်တော့တာ မဟုတ်ဘူး ၁၆နှစ်ဆိုတာ အရာအားလုံးကို သိနေနိုင်တဲ့အသက်အရွယ်တစ်ခုမဟုတ်လား၊ သူပြောလိုက်ရင် အဆူခံရမယ်ဆိုတာကို သိသိလျှက်နဲ့ တမင်သက်သက် Daddy ကို ပြောလိုက်တာလား၊
Jongwoo တက်တူးထိုးထားတာ နှစ်နဲ့ချီကြာနေပြီ၊ ဘယ်သူမှမသိသလို ဘယ်သူကမှလည်း မဆူပါ၊ ခုသူသိသွားမှ Jongwoo ခုလိုမျိုး ဆူခံရတာ သူ့လက်ချက်မဟုတ်လို့ ဘယ်သူ့လက်ချက်ဖြစ်ရမှာလဲ၊ Jongwoo ဒေါသတော်တော်ထွက်သွားရပါသည်၊ " Jay Chang မင်းကဘာလို့ အဲ့လောက်တောင် ကောင်းကျိုးမပေးရတာလဲ " ငါ့ဆီက အမုန်းတွေကိုမရရအောင် မင်းကဆွဲထုတ်နေတာ၊
YOU ARE READING
TOXIC
Fanfiction" တစ်ချိန်ကျကိုကို့ကို ကျွန်တော်က စောင့်ရှောက်ပေးပါ့မယ် " " မင်းအဲ့လိုငါ့အပေါ်ကိုလိုက်ကောင်းပေးမနေစမ်းပါနဲ့၊ မင်းကိုမြင်နေရလေ ငါရင်နာရလေပဲ မင်းကအချစ်ခံရလေငါက သိမ်ငယ်ရလေပဲ ဘာလို့ငါ့ကိုကျ မလိုချင်ရတာလဲ မချစ်ရတာလဲ "
EPISODE 2
Start from the beginning