ကျားဖြူကြီးရဲ့မျက်ဝန်းထဲ နူးညံ့မှုများဖြတ်သန်းသွားပေမယ့် ဒန်နာရီဘက်ကိုလှည့်ကာ ကျားဖြူကြီးကမေးလိုက်သည်၊
"ဒီအရှင်ကို ဆင့်ခေါ်တာ သင်လား"
"ဟုတ်ပါတယ်ဗျ"
"သင်က ဒီအရှင်ရဲ့စွမ်းအားကို အဘယ်နားအသုံးချချင်လို့လဲ"
"အတိတ်မှာ မကယ်ခဲ့တဲ့သူတွေကို ပြန်ကယ်တင်ဖို့အတွက် အရှင်ကျားဖြူရဲ့အလင်းစွမ်းအားကိုလိုအပ်တယ်..."
"လူတချို့ရဲ့ကံကြမ္မာလမ်းကြောင်း ပြင်ဆင်တာက ကောင်းကင်ကို အာခံတာပဲ ဒါက အပြစ်သင့်စေတယ်"
"မည်သည့်ပြစ်ဒဏ်မဆို ကျွန်တော်ခံယူနိုင်တယ်...လူတစ်ယောက်ရဲ့လောဘကြောင့် အပြစ်မဲ့သူတွေရဲ့အသက်ကို ထပ်မဆုံးရှူံးစေတော့ဘူး... ကောင်းကင်က ကျွန်တော့်ဝိညာဉ်ကို စုတ်ဖြဲမလား ကြိုက်သလိုလုပ်ပါစေ..." ဒန်နာရီဟာ ကျားဖြူကို  ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးရင်း ဆက်ပြောလိုက်သည်၊
"အရှင်ကျားဖြူရဲ့စွမ်းအားကို ကျွန်တော်လိုအပ်တယ်"
ကျားဖြူကြီးဟာ ဒန်နာရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက်မှာ ကျယ်လောင်တဲ့ဟိန်းသံနဲ့ ကောင်းကင်ကိုဟိန်းဟောက်လိုက်တော့သည်၊ထို့နောက်မှာတော့ ကျားဖြူရဲ့ကိုယ်ဟာလင်းလက်လာပြီးတော့ တစ်ပေလောက်ရှိတဲ့အရွယ်အစားထိကျုံ့သွားပြီး ချစ်စရာကောင်းတဲ့ကျားပေါက်လေးအသွင်ပြောင်းလဲသွားတော့သည်၊ကျားပေါက်လေးရဲ့ကျောမှာလည်း ပျံသန်းနိုင်တဲ့ငှက်အတောင်ပံတစ်စုံရှိနေပြီး ကျားပေါက်လေးဟာ ဒန်နာရီရင်ခွင်ထဲပျံသန်းသွားတော့သည်၊
"ဝိုးးးး ဒန်နာရီ မင်းက တကယ်ပဲပါရမီရှင်ပဲ အရှင်ကျားဖြူက မင်းကိုလက်ခံခဲ့တာပဲ..." ရှီရယ်စကားကြောင့် ဒန်နာရီဟာခေါင်းညိတ်ချိန်မှာ ကျားပေါက်လေးဟာ ရှီရယ်နဲ့စီရက်စ်ကိုကြည့်လိုက်ပြီး ဒန်နာရီကို ပြောလိုက်သည်၊
'ဒီနှစ်ယောက်လုံးက spiritတွေရဲ့ကံကောင်းမှုတွေဝန်းရံခံထားရတယ်... သူတို့ကိုပါ ကျောက်ဖျာပေါ်တက်ခိုင်းလိုက်'
ဒန်နာရီဟာ ကျားဖြူစကားကြောင့် ခေါင်းညိတ်လိုက်ပြီး ရှီရယ်နဲ့စီရက်စ်ကိုလည်း ကြိုးစားကြည့်ဖို့ပြောလိုက်သည်၊