ရှီချီက သူ့အခန်းထဲကို ပြန်သွားခဲ့သည်။ 

ကျောင်းက အိမ်စာ ပေးထားသော်ငြား သူ မလုပ်သေးပေ။ သူသည် စားပွဲပေါ်ရှိ စိတ်ကျန်းမာရေး ဗဟုသုတ စာအုပ်များကို သတိပြုမိသွားခဲ့သည်။ သူထိုစာအုပ်ကို ဖွင့်လိုက်သည်နှင့် ဥပမာ တစ်ခု ပြထားသည်။ 

“အလယ်တန်းကျောင်းမှ ပထမအဆင့် ရသူ ရှောင်မင်သည် သူ့အတန်းထဲရှိ ရှောင်လီကို ကြိုက်နေသည်မှာ ကြိမ်းသေးသည်ပင်။ အကြောင်းမှာ သူ့အဆင့်က ထိုးကျနေသည့်အတွက် ဖြစ်သည်။ သူ့မိဘများကလည်း စိတ်ပျက်နေကြသည်.....

ထိုကဲ့သို့သော စာအုပ်မျိုးသည် အဘယ်အတွက် သူ့အခန်းကို ရောက်နေသနည်း။

သူပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ စာအုပ်အနည်းငယ် နေရာအနှံ့ ရှိနေသည်ကို သတိပြုမိသည်။ ပြီးနောက် စားပွဲပေါ်ရှိ စာအုပ်နှင့် ကွဲပြားသည်။ သို့သော် ပါဝင်သည့် အကြောင်းအရာအကုန်လုံးသည် အတူတူ နီးပါးပင်။ 

“မကြာသေးခင်က ရှောင်မင်ရဲ့ မိဘတွေက သူတို့ ကြားထဲမှာ ပြဿနာဖြစ်နေတာကို တွေ့ရှိခဲ့တယ်။ သူတို့တွေက သူတို့ရဲ့ ကျောင်းက အာရုံမစိုက်ဘူးဆိုတာကို တွေ့ရှိခဲ့တယ်။ ဆရာမကလည်း သူ့မိဘတွေဆီ လာပြီး ထိုကိစ္စနှင့် ပတ်သတ်ပြီးတော့ ဆွေးနွေးတယ်။ ဒါပေမဲ့ တစ်ခုမှ အသုံးဝင်သည့်ပုံ မပေါ်ချေ”

“စိတ်ပိုင်းဆိုင်ရာ သုတေသန ပြုချက်တွေ အရ အကယ်၍ သူတို့မိဘများက သူတို့၏ ကလေး စောစောစီးစီး ချစ်ကြိုက်နေသည်ကို သိရှိခဲ့ပါက သူတို့အနေဖြင့် ကလေးများကို မကောင်းသည့် ရလဒ်များ ထွက်ပေါ်လာမည့်အရေးမှ ဂရုတစိုက် လမ်းညွှန် ပြသရမည်ပင်”

တံခါးခေါက်သံ ပေါ်ထွက်လာခဲ့သည်။ 

လီချွမ်သည် သစ်သီးပန်းကန်ကို ကိုင်လာခဲ့သည်။ 

“သခင်လေးချီ။ သခင်လေး အထဲမှာ ရှိလား”

သူမဝင်လာသည်နှင့် ရှီချီသည် အိပ်ရာပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင်တော့ သူ့မ ယနေ့ သူ့အတွက် ဝယ်သည့် စာအုပ်များအားလုံး ဖြန့်ခင်းထားသည်ကို တွေ့ကာ ထိုစာအုပ်များကလည်း ပွင့်လျက်သားပင်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now