[ မင်းဟာကလဲ မပြည့်စုံလိုက်တာ မြန်မာကားလိုဘဲ လူ၃ယောက်နဲ့တစ်ကားပြီးတယ်]

[ကျန်တာ host ဆက်လုပ်ရမှာပါ မူလပိုင်ရှင်
သေဆုံးမှူအပြင် ဇာတ်လိုက်နှစ်ယောက်ရဲ့
ပုံစံမှန်ကိုချပြဖို့ပါ ]

[ ဟင်းဟင်း တွေ့ကြသေးတာပေါ့ ]

[ အရင်ဆုံး Host သာ သူတို့လက်ကအရင်လွတ်အောင်လုပ်ပါအုံး ဇာတ်လိုက်အရောင်ဝါတွေဆိုတာရှိတယ် ပထမဆုံးကမ္ဘာမို့
လွယ်လွယ်ကူကူထဲထည့်ထားပေးတာနော်]

လင်းလရောင် တစ်ယောက် နို့သံလေးမပျောက်ဘဲပြောနေတဲ့ လုံးလုံးကြောင့်အသည်းယားကာတခိခိရယ်လိုက်သည်။

[ ရယ်မနေနဲ့ host ခုရောက်နေတဲ့နေရာကို
ထရှူစားလိုက်အုံး ]

လုံးလုံးသတိပေးမှူကြောင့် မျက်လုံးအသာ
ဖွင့်လိုက်ချိန် သူကလူတစ်ယောက်ပေါင်ပေါ်တွင်နိုးထလာခဲ့သည်။

"ကြည့်လို့ဝပြီးလား"

"ဘယ်သူကကြည့်နေလိ​ု့လဲ ခင်များကရော
ဘယ်သူလဲ"

"ကိုယ်ပြောရင်မင်းကသိမှာမိ​ု့လို့လား
ဒါကိုယ့်လိပ်စာကဒ် အကူညီလိုရင်ဆက်သွယ်နိုင်တယ် ခုတော့အရေးကြီးကိစ္စရှိလို့ မင်းနိုးလာတာကိုစောင့်နေတာနဲ့နောက်ကျနေပြီး ကိုယ်သွားပြီ"

ပြောချင်ရာပြောပြီးထွက်သွားသူကြောင့်
နေနိုင်လွန်းလဲ လက်ထဲက ကဒ်လေးအား
ကြည့်လိုက်သည်။ အမည်နဲ့ဖုန်းနံပါတ်ကလွဲရင်ဘာလိပ်စာမှမပါသည့် ရွှေရောင်ကဒ်အထူလေးတစ်ကဒ် ...

[ Host ရေ နားနေခန်းအမြန်သွားတော့
ကြာနေပြီး ဟိုမှာမိုးမီးလောင်တော့မယ်]

[ဘာတွေဖြစ်နေတာလဲ ငါမေ့တာဘယ်လောက်ကြာပြီလဲ]

[ ၁နာရီကြာတယ် hostကိုလိုက်ရှာနေကြပြီး]

နေနိုင်လွန်းလဲ ကဒ်လေးအား ဖုန်းနောက်
ထဲထည့်ကာ နားနေခန်းစီထွက်လာလိုက်သည်။

" ရောက်လာပြီလားဘယ်တွေသွားနေတာ
လဲ "

" မင်းနဲ့ဘာဆိုင်လဲ "

နေနိုင်လွန်းအပြောကြောင့် အံ့ဩကုန်သည်။ ယခင်ကဆို ဇေယျမျက်မှောင်ကျုံ့တာတောင်မခံနိုင်သည့်လူကထိုစကားမျိုးထွက်လာသည်ကို

System Lone LoneWhere stories live. Discover now