ရှီရှန်းကျင်းတွင် သူ့အား မေးစရာ တစ်စုံတခုရှိပုံ ပေါ်‌၏။

“သား   ဘာကိုမြင်လိုက်လို့လဲ”

ရှီချီ၏ရှေ့တွင် သူ့၏မိုဘိုင်းဖုန်းကို ဖွင့်လိုက်ပြီး ထူးဆန်းသည့် တိရစ္ဆာန်တစ်ကောင်၏ ပုံကိုပြသလိုက်သည်။ထိုအကောင်၏ အဝါရောင်ခန္ဓာကိုယ်သည် အလွန်ရှည်လျားသော်ငြား သူ့၏ဦးခေါင်းသည်တော့ အလွန်ပင်သေးငယ်လွန်းလှသည်။ထိုအကောင်တွင် နက်မှောင်သည့် မျက်လုံးများရှိကာ ခြေလေးချောင်း ပါ၏။

စိတ်ဝင်စားစရာ အကောင်းဆုံးနေရာသည် ထိုအကောင်၏ ရှည်လျားပြီး မျက်စိပဒါသရှိသည့် အမြီးပင် ဖြစ်ပေသည်။

ရှီချီသည် လျိုယွမ်ယွမ်ဘက်သို့  ပြန်မလှည့်ခင် ထိုပုံကို စက္ကန့်အနည်းငယ် ကြည့်လိုက်သည်။

ထိုအမြီးရှည်က သူမ၏ခါးကိုတစ်ဖန် ပတ်ပြန်၏။သို့သော် အမြီး၏ထိပ်သည် လောင်ကျွမ်းပြီး အမွှေးပြောင်နေကာ မည်သည့်ထောင့်မှ ကြည့်သည်ဖြစ်စေ အလွန်အကျည်းတန်လှပေသည်။

သူက ပြတ်ပြတ်သားသားဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

“ဒီပုံနဲ့ အဲ့ဒီအရာက အရမ်းကို ဆင်တူတယ်။ဒါပေမဲ့ သားက သူရဲ့အမြီးကို မြင်ရတာမို့လို့  သိပ်တောင်မသေချာဘူး”

ရှီရှန်းကျန်းသည် သူ‌၏ဖုန်းကို ပြန်သိမ်းကာ ခေါင်းညိတ်လိုက်သည်။ ထိုအရာနှင့် ၈၀မှ ၉၀%ခန့် သူမှန်း သဘောပေါက်ပေသည်။

လှည့်ဖျားတတ်သည့် ဝိညာဉ်တစ်ကောင်ကို တွေ့ကြုံရသည့် ကိစ္စက အထူးအဆန်းတော့ မဟုတ်ပေ။အရှေ့မြောက်ဘက်အပိုင်းက သူတို့ကို ကြီးမြတ်သည့် အဝါရောင်အင်မော်တယ်ဟု ခေါ်ကာ ဘေးအန္တရာယ်ကို ယူဆောင်လာသည့်သူဟူ၍လည်း သိကြသည်။

ရှီချီက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဦးလေး အဲ့အကောင်က ဘာ‌အကောင်လဲ”

ရှီးရှန်းကျင်းက ခွန်းတုံပြန်လိုက်သည်။

“မြွေပါ လူတွေက သူတို့ကို ကြီးမြတ်တဲ့ အဝါရောင် အင်မော်တယ်တွေလို့ ခေါ်ကြတယ်”

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now