ဟုတ်ပါတယ် သူက Jay လို ချစ်စရာကောင်းတဲ့မျက်နှာလေးမှ မရှိတာ၊ အညိုရောင်မျက်လုံးလှလှလေးတွေလဲ သူမှာရှိမနေပါ၊ဂေဟာမှာ မွေးစားဖို့ အရွေးချယ်ခံရဆုံး ကလေးက Jay ဖြစ်ပြီး ဘယ်သူမှ ‌မွေးစားဖို့ မရွေးချယ်တဲ့ ကလေးဟာ သူဖြစ်နေပါသည်၊

သို့ပေမယ့် တစ်ရက်မှာတော့ မေမေတို့ရောက်လို့လာတယ်၊ အခုလက်ရှိ သူတို့ကို မွေးစားထားတဲ့သူတွေပေါ့၊ ခါတိုင်းလိုပါပဲ သူတို့ဟာလည်း Jay ကို မွေးစားဖို့ ရွေးချယ်ခဲ့တဲ့သူတွေပါ၊

Jay ကလည်း သူမပါလျှင် မလိုက်ဘူးဆိုပြီး ငိုယိုနေတာဟာလည်း အရင်လိုမျိုးပါပဲ၊ အရင်ကလိုမျိုး မဟုတ်တာက မေမေတို့က တစ်ခြားစုံတွဲတွေလို လက်လျှော့မသွားပဲ သူတို့နှစ်ယောက်လုံးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

" ကိုကို ကျွန်တော်တို့ အတူတူ ဒီကတီတီတို့ဆီကို လိုက်သွားရတော့မယ် ပျော်လိုက်တာ "

မေမေတို့ လက်မှတ်ထိုးနေတဲ့ အချိန်မှာ Jay က ပြုံးပျော်နေတဲ့ ပုံစံဖြင့် သူ့ကိုစကားလာပြောနေပါသည်၊ ထိုအချိန်မှာ Jay ရဲ့လက်သေးသေးလေးက အရွယ်အစားချင်း အတော်လေးကွာလှတဲ့ သူ့လက်ကိုဆုပ်ကိုင်လို့ထားတယ်။ မကြာသေးခင်ကမှ ငိုထားသည်မို့ Jay ရဲ့ ကော့ညွှတ်ရှည်လျားပြီးလှပတဲ့ မျက်တောင်စကလေးများမှာ မျက်ရည်များဖြင့် စိုစွတ်လို့နေပါသည်။

ဘယ်သူကြည့်ကြည့် ချစ်စရာကောင်းလေးဆိုပေမယ့် သူ့မျက်လုံးထဲမှာ Jayက ထူးပြီးချစ်ဖို့ကောင်း မနေခဲ့ပါ၊ ပုံမှန်ပါပဲ။ ဘာကြောင့် ဒီကလေးလေးက သူ့ကို ပုံမှန်ထက်ပိုပြီး ခင်တွယ်နေရတာလဲဆိုတာကို သူစဉ်းစား၍မရပါ။

ပုံမှန်ဆို သူ့က ကလေးလေးတွေ ‌ကြောက်ပြီး အနားမကပ်ရဲတဲ့လူမျိုးထဲမှာပါပါတယ်၊ အမြဲတမ်း သူ့မျက်နှာက တည်နေပြီးကြောက်ဖို့ကောင်းနေလို့ပါ၊ တခြားကလေးတွေနဲ့မတူတာကမှ Jayက သူ့ကို မကြောက်ဘဲ ဂေဟာကို စရောက်ကတည်းက သူ့အနားမှာပဲ အမြဲတမ်း လိုက်ကပ်နေတာပါ။

အခုလည်း သူငယ်ချင်း‌တွေနဲ့ဂိမ်းဆိုင်မှာ ဂိမ်းဆော့ဖို့ ခိုးထွက်လာတာကိုလိုက်လာတဲ့ တကယ်အရှုတ်ထုတ်လေး၊ သူ့ကိုဆူရင်လည်း မျက်ရည်လေးက အရင်ကျလိုက်ရမှ ဒီကလေးက ဘာကြောင့်အဲ့လောက် ပျော့ညံ့နေရတာလဲ သူစဉ်းစားလို့မရ၊ ယောက်ျားလေးဖြစ်ပြီး ကြောက်တတ်လိုက်တာလဲ နှစ်‌ယောက်မရှိ။ သူ 10 နှစ်သားတုန်းကဆို ဂေဟာမှာ သူကဗိုလ်ပဲ ဘယ်သူ့မှလည်း မကြောက်သလို ပျော့ညံ့လဲ မနေပါ၊ Jay လိုမျိုး ထစ်ခနဲရှိ ငိုတတ်တဲ့ ကလေးမျိုးလည်း မဟုတ်ပါ။

TOXIC Where stories live. Discover now