part-2(Uni+Zaw)

148 13 0
                                    


တိမ်ဆိတ်နေသောခြံကျယ်ကြီးအလယ်မှာသပ်ရပ်စွာဆောက်လုပ်ထားသောဘန်ဂလိုငယ်လေးတလုံး။

ဒီဘန်ဂလိုငယ်လေးက ဝိုင် တို့ချစ်သူနှစ်ဉီးလာရောက်အပန်းဖြေအနားယူလေ့ရှိသည့်နေရာလေးတခုဆိုလျှင်လဲမမှား။

သစ်ရိပ်တို့နှင့်အေးချမ်းတိတ်ဆိတ်နေတတ်သည့်ဒီဘန်ဂလိုလေးကိုရောက်တိုင်း ဝိုင့် ရင်မှာအေးချမ်းရစမြဲ။

ခုတကြိမ်မှာတော့ခါတိုင်းလာနေကျအကြိမ်တွေနှင့်ကွာခြားနေရသည်မို့ ဝိုင့် ရင်လေးမှာငြိမ်သက်အေးချမ်းခြင်းရှိမနေခဲ့ပါ။

ဝိုင့် ရဲ့တောင်းဆိုမှုကြောင့်နောက်ဆုံးအနေနှင့်သူတို့နှစ်ဉီးရဲ့အမှတ်တရများစွာပြည့်နှက်နေသည့်ဘန်ဂလိုငယ်လေးသို့
မင်းတည်တံ့ တဖန်ရောက်ခဲ့ရပြန်သည်။

ကြည့်လေရာရာမှာအမှတ်တရများစွာစွဲထင်နေတဲ့ဒီနေရာလေးက မင်းတည်တံ့ ရဲ့နှလုံးသားကိုတဆစ်ဆစ်နှင့်ကိုက်ခဲမှုဖြစ်နေစေသည်။

"မောင်...ဟို...ဝိုင့် ကိုလေ...နောက်ဆုံးအနေနဲ့မောင်လို့ခေါ်ခွင့်ပြုပါလားဟင်"

ညှိုးလျစွာတောင်းဆိုမှုပြုလာသည့် ဝိုင့် ကြောင့် မင်းတည်တံ့ သူ့ခေါင်းလေးကိုဖြေးလေးစွာငြိမ့်ပြလိုက်မိ၏။

အရင်ချိန်တွေတုန်းက ဝိုင် ကသူ့ကို မောင်လို့ခေါ်လိုက်တိုင်း မင်းတည်တံ့ တယောက်ရင်လှိုက်ခုန်ကြည်နူးရစမြဲ။
ခုတော့...
ဝိုင့် ရဲ့ မောင် ဆိုသောခေါ်သံလေးကသူအကြိမ်ကြိမ်တမ်းတနေရတော့မည့်နမ်စားအဖြစ်ကြွင်းကျန်ရစ်ရတော့မည်။

ကိုယ့်နှလုံးသားကိုကိုယ် ကိုယ်တိုင်ဓါးလျှိုသွင်းရတာလောက်ခံရခက်သည့်အရာရှိပါဉီးမလား။
ရင်နာရပါသည်။
သေလောက်အောင်လဲနာကျင်ရပါသည်။
သို့သော်ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကိုရွေးချယ်ဖို့ဖြစ်လာတော့ဖြစ်သင့်တာကိုဘဲသူဉီးစားပေးရွေးချယ်ခဲ့ရသည်လေ။
ကိုယ်လဲနာကျင်ရပါတယ် ဝိုင် ရယ်။

ဘန်ဂလိုငယ်လေးတွင်းသို့ဉီးဆောင်ကာဝင်သွားသည့် ဝိုင့် နောက်သို့ မင်းတည်တံ့ ခေါင်းငိုက်စိုက်ချကာလိုက်သွားမိ၏။

ဝိုင် (Wine)(completed)Where stories live. Discover now