"မောင် ဝိုင့် ကိုသိပ်ချစ်ပါတယ်...အရင်ကလဲချစ်ခဲ့တယ်...ခုလဲချစ်နေဆဲပါ...ဒါပေမဲ့ ဝိုင် ကိုယ်နဲ့မင်းကဆုံဆည်းဖို့မသင့်တဲ့စည်းတဖက်ခြားမှာရပ်နေရသူတွေလိုဘဲ...ချစ်ခွင့်ကလွဲလို့ဆုံဆည်းဖို့မဖြစ်နိုင်ဘူး...မောင့်မိသားစုအတွက်အချစ်ထက်ပိုပြီးဉီးစားပေးရမဲ့အရာတွေကိုမောင်ရှောင်လွဲဖို့မတတ်နိုင်ဘူး...လူသားတယောက်အနေနဲ့မိသားစုမျိုးဆက်အတွက်မောင်ဖြစ်သင့်တာကိုဘဲဆုံးဖြတ်ရတော့မယ်...မောင့်ကိုခွင့်လွှတ်ပေးပါလို့မတောင်းဆိုဝံ့ဘူး...ဒါပေမဲ့မင်းမောင့်အပေါ်နားလည်ပေးဖို့တော့မျှော်လင့်ပါရစေ"

နောက်ဆုံးလမ်းခွဲခြင်းအကြောင်းရင်းကမျိုးဆက်အတွက်တဲ့လား။
ဝိုင့် ရဲ့ရင်ငယ်လေးမှာနင့်ကနဲ။
မောင် က ဝိုင့် ရဲ့အားအနည်းဆုံးအရှိုက်တည့်တည့်ကိုထိုးနှက်ခဲ့ပြီဆိုတော့အောင့်သက်စူးနစ်နေသောဝေဒနာကိုထွေးပိုက်ထားရုံကလွဲလို့ဘာများတတ်နိုင်ဉီးမှာလဲ။

ဝိုင်...ဝိုင်ကသားအိမ်မပါတဲ့ယောင်္ကျားလေးတယောက်လေ။
မောင်လိုချင်တဲ့မျိုးဆက်ကို ဝိုင် ကဘယ်လိုဖြည့်ဆည်းပေးနိုင်ပါ့မလဲ။
ဒါပေမဲ့....

"မောင်...ဝိုင့် ကိုအချိန်ခဏလောက်ပေးလို့မရဘူးလားဟင်...မောင်လိုချင်တဲ့မျိုးဆက်ကို ဝိုင် ဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပါ့မယ်...ဝိုင်...ဝိုင့်ကိုလေတခါလောက်လေးဘဲယုံကြည်ပေးပါလားမောင်ရယ်"

မျက်ဝန်းအိမ်ဆီမှတအိအိပြိုဆင်းလာသောမျက်ရည်တွေကြားကနေတောင်းပန်တိုးလျှိုနေရှာသော ဝိုင့် ဆီမှ မင်းတည်တံ့ အကြည့်ကိုလွှဲလိုက်မိသည်။

မဖြစ်နိုင်မှန်းသိလျက်နဲ့မျှော်လင့်ချက်ဆိုသောအရာကိုသူမဆုပ်ကိုင်လို။
စိတ်ကူးယဉ်ဆန်မှုထက်လက်တွေ့ဘဝကိုလက်ခံဖို့ဘဲသူကြိုးစားရတော့မည်။

အချစ်ကိုနှလုံးသားဖြင့်ရင်းရသည်။
ဘဝကိုလက်တွေ့ကျကျဖြင့်ရင်းရသည်မှာလောကရဲ့သဘောတရားတခုပင်မဟုတ်လား။

"ဝိုင်...မောင်တို့ရဲ့ဖြစ်တည်မှုကိုလက်ခံလိုက်ပါ...ရှေ့မဆက်နိုင်မဲ့အတူတူမောင်တို့ဒီနေရာမှာတင်လမ်းခွဲလိုက်ကြရအောင်...မောင် ဝိုင့် ကိုဒီထက်ပိုမပင်ပန်းစေချင်တော့ဘူး...မောင့်ကိုနားလည်ပေးပါဝိုင် ရယ်"

ဝိုင် (Wine)(completed)Where stories live. Discover now