တာတေရွာမှောက်ခြင်း

423 13 0
                                    



တာတေရွာမှောက်ခြင်း

--------------
တန်ခူး ကဆုန်မှာ ကြဲတဲ့နှမ်းက ဝါဆို

ဝါခေါင်မှာ နှုတ်ရတယ်ဗျ။

ဝါဆို ဝါခေါင်မှာ ပြန်စိုက်တဲ့ နှမ်းတွေ ပဲ

တွေက တန်ဆောင်မုန်း နတ်တော်မှာ

နှုတ်ရတာပေါ့ဗျာ။

ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုတာ

အောက်ပြည် အောက်ရွာကို

ပြောတာပေါ့ဗျာ။ တာတေက အညာသား

ဆိုပေမဲ့ အောက်ပြည်အောက်ရွာ

အကြောင်းလည်း သိပါတယ်ဗျ။ မိုးရွာလို့

ရေတွေနောက်နေတဲ့ ချောင်းရိုးမှာ

လှေလှော်တဲ့အခါ နီညိုရောင် သပြေသီး

မှည့်တွေ ရေထဲမှာမျောလာတာ

တာတေ လှေပေါ်ကနေ ကောက်ခဲ့ဖူး

တယ်။ ကြည့်ရင်တော့ စားချင်စရာဗျ။

စားကြည့်တော့ ချဉ်စုပ်နေတာဗျို့။

တာတေတို့ အညာမှာတော့ ဝါဆို ဝါခေါင်

မှာလည်း မိုးက သဲသဲ

မဲမဲရွာတာ မရှိပါဘူးဗျာ။ ဖြိုးဖြိုးဖျောက်

ဖျောက်လောက်ပါပဲ။ ဒီလောက်ရွာ

ရင်ပဲ ကျုပ်တို့အညာသားတွေက ကျေနပ်

လှပါပြီ။ ယာထွန်လို့လည်း ကောင်းပါ့

ဗျာ။ မြေဆီပေါ်အောင် ထွန်ကြရတာ။

နှမ်းကြဲကြဲ ပဲကြဲကြဲ အောင်ရေရမှ

အောင်တာဗျ။

ဒီနေ့က ဝါဆိုလပြည့်ကျော် (၁) ရက်လေ

ဗျာ။ ကျုပ်အဘက ကျုပ်ကို

ငွေတွင်းကုန်း လွှတ်လိုက်တာဗျ။ ငွေတွင်း

ကုန်းက ဘိုးငွေတိုးဆီမှာ နှမ်းမျိုးတွေ

သွားသယ်ခိုင်းတာလေဗျာ။ ကျုပ်အဘ

နွားဖီးကြီးတွေကို လှည်းမှာတပ်ပြီး

မနက်စောစော ထွက်ခဲ့တာပေါ့ဗျာ။

ငွေတွင်းကုန်းဆိုတာက မီးလောင်ကုန်းက

မဖဲ၀ါရဲ့ သွေးကြွေးWhere stories live. Discover now