ခြယ်လျင်မြန်စွာပဲအခန်းထဲပြေးဝင်သွားသည်
ကုတင်ပေါ်ပစ်လှဲကာအားရပါးရငိုချလိုက်သည်
'မုန်းတယ် အီးဟီးးဟ်ီးးး နှာဘူးကောင် ငါ့ကိုလုပ်ချင်တိုင်းလုပ်တယ် အီးးးးဟီးးး အဟင့် မုန်းတယ် မုန်းတယ် အက်ကျောင်းကိုလုံးဝအရိပ်တောင်မနင်းဘူး'
ခြယ် အဝတ်အစားတွေကိုခရီးဆောင်လက်ဆွဲအိတ်ထဲသေချာထည့်နေလေသည်
သူမလွယ်အိတ်ကိုခန့်ဖြစ်ဖြစ်ဝတ်ရည်ဖြစ်ဖြစ်ပြန်ယူလာပေးမှာသူမသေချာသည် အဝတ်အစားအများကြီးမထည့်တော့ဘဲသုံးလေးစုံလောက်သာထည့်သည် သူမကျောင်းပြီးလို့အလုပ်အကိုင်နဲ့ဖြစ်မှပြန်လာမည်

"သမီးရေ အိမ်ရှေ့မှာ သမီးသူငယ်ချင်းတွေရောက်နေတယ်"
"ဟမ်ဟုတ်ကဲ့ မေ လာပြီ"
ခြယ်မျက်ရည်တွေကိုအတင်းသုတ်ပြီးအောက်ထပ်ကိုဆင်းသွားသည်

"ဟဲ့ ခြယ် ချက်ချင်းတန်းပြန်သွားတာပဲ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး"
"​ခြယ်အဆင်ပြေရဲ့လားဟင်"
"ပြေပါတယ် ခန့်ရဲ့ လာလေအိမ်ပေါ်တက်ကြ ငါ့အခန်းထဲလိုက်ခဲ့ကြ"
"အင်း"
"အင်းပါ"

ခြယ်ဦးဆောင်ပြီးသူတို့ကိုအခန်းထဲခေါ်သွားလေသည် အခန်းထဲရောက်တော့ ခြယ်ကစတင်ပြီး
"နင်တို့နှစ်ယောက်မျက်နှာလဲမကောင်းပါလား ဘာလို့လဲ "
"နင်ကျောင်းပြောင်းမယ်ဆို မပြောင်းပါနဲ့လား ပြီးတော့နိုင်ငံခြားဘာလို့သွားမှာလဲ"
"ဝတ်ရည်ပြောတာလဲဟုတ်နေတာပဲကိုကွာ မပြောင်းပါနဲ့ ခြယ်ရယ်"
"ဟင့်အင်း ငါဆုံးဖြတ်ပြီးပြီ ငါ့ဆုံးဖြတ်ချက်ကိုပြင်လို့မရဘူးဆိုတာသိတယ်မလား ထပ်ပြောနေရင်ငါဒီညနေသွားမယ် ဒါပဲ"
"reason"
"ဟင်"
"reason ပေး ခြယ် ဘာလို့ပြောင်းမှာ"
"ဟုတ်တယ် ခန့်ပြောသလိူပဲ reason ပေး"
"no reason my friends"
"ဘာလဲ ကင်းဆိုတဲ့ကောင်ကြောင့်လား"
"ငါဆက်မပြောချင်တော့ဘူး ပြန်ကြတော့ဟာ"
"အေးပါကွာ ဖုန်းဆက်လိုက်မယ်နော် ညကျရင်"
"မလိုဘူး မဆက်ကြနဲ့"
"တာ့တာ ခြယ်"
"အင်း"

"သမီး သမီးသူငယ်ချင်းဘာဖြစ်တာ"
"စိတ်ရှုပ်လို့ထင်ပါတယ် သမီးတို့ကိုပြန်ခိုင်းတာပါ"
"အော် ဒီကလေးမဘာဖြစ်သလဲမသိဘူး"

ခန့်နဲ့ဝတ်ရည်တယောက်ကိုတယောက်ကြည့်ပြီးမျက်ခုံးတွန့်မိကြသည်

School love property <3Where stories live. Discover now